ကိုဗစ်ကာလ ကျောင်းများပိတ်ထားစဉ် ကျောင်းသူ/သားများအား စာအုပ်အခမဲ့ငှား

0
154
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလတစ်လျှောက် ကျောင်းများပိတ်ထားသည့်အချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အခြေခံပညာအထက် တန်းကျောင်းခွဲ၊ တောနောက်လယ်ရွာ ကျောင်းစာကြည့်တိုက်မှ စာအုပ်များအား အခမဲ့ငှားရမ်းပေးနေကြောင်း ယင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းရွှေရည်ဦးထံမှ သိရသည်။

မိဘတို့က ကျောင်းသား/သူများအား ထိန်းသိမ်းရန် ခက်ခဲကြောင်းနှင့် ကျောင်းမဖွင့်သေးဘူး လားဟု ပြောဆိုမေးမြန်းမှုများရှိလာနေသည့် အတွက်တစ်ခုခုပြုလုပ်ပေးရန် စဉ်းစားရာမှ စာအုပ် များငှားရမ်းပေးခြင်းအစီအစဉ်ပေါ်လာသည့်အတွက် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကျောင်းအုပ် ဆရာမကြီး ဒေါ်ဝိုင်းရွှေရည်ဦးက ပြောသည်။

အဆိုပါ ကျောင်းစာကြည့်ရှိ ပညာတန်ဆောင်၊ ပုံပြင်၊ သုတ၊ ရသ၊ မဂ္ဂဇင်း စသဖြင့် အမျိုးအစားစုံလင်သည့် စာအုပ်များအား လှည်းဖြင့်ကျေးရွာအတွင်း လှည့်လည်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ငှားရမ်းပေးသွားမည်ဖြစ်သည်။