မွန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်ဆဲ

0
252
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုသည် ဒီဇင်ဘာလ နောက်ဆုံးအပတ်အထိ မြင့်တက်နေဆဲဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် ကိုဗစ် ကူးသရေးစင်တာမှ တာဝန်ရှိသူတို့ထံမှ သိရသည်။

ပြည်နယ်အတွင်း နိုဝင်ဘာလမှ စပြီး ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လနီးပါးအတွင်း၌ပင် ရောဂါကူးစက် ခံရသူ ၁၀ဝ၀ နီးပါးအထိ ရှိလာခဲ့သည်။

လက်ရှိတွင် ပိုးတွေ့လူနာအများစု သည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့ လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက် လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိလာ သည်ဟုလည်း ကျန်းမာရေး တာဝန်ရှိသူ တို့က ပြောသည်။

“အနံ့ပျောက်ပြီးတော့ Fever Clinic မှာ နေ့တိုင်းပေါ့။ အခုဆို တစ်လနီးပါး ရှိပြီး Positive မထွက်တဲ့နေ့မရှိဘူး” ဟု မော်လမြိုင် (Isolative Sawd 3) တာဝန်ခံ ဒေါက်တာသက်ကျော်စိုးက ပြောသည်။

ပြည်နယ်အတွင်း ရောဂါကူးစက်မှု မထိန်းချုပ်နိုင်ရခြင်းသည် ပြည်နယ်အတွင်းသို့ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ နည်းလမ်းပေါင်းစုံဖြင့် ခိုးဝင်လာနေ သူတို့နှင့် ကိုဗစ်စည်းကမ်းသတ်မှတ် ချက်များအပေါ် ပြည်သူလူထု၏ လိုက်နာမှု၊ တာဝန်ရှိသူတို၏ ကိုင်တွယ်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ကျန်းမာ ရေးတာဝန်ရှိသူတို့ ပြောသည်။

ပြည်နယ်အစိုရ၏ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းမှာ အားနည်းမှုများ ရှိနေကြောင်း ဝေဖန်မှုများရှိနေပြီး အဆိုပါ ကိစ္စရပ်အပေါ် မွန်ပြည်နယ်လွှတ်တော်က စိစစ်သွားရန်ရှိနေသည်။

“ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြည်သူကို မသက်ညှာသင့်ဘူး။ ထိထိ ရောက်ရောက် အရေးယူသင့်ပါတယ်။ ဥပဒေအတိုင်းအရေးယူစေချင်တယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်အတည် ပြုလူနာ များပြားလာသည့်နောက် အတည် ပြုလူနာများကို ကုသပေးသည့်နေရာကို မော်လမြိုင်အပြင် သထုံမြို့တွင်လည်း ထပ်မံတိုးချဲ့ထားရသည့်အပြင် ထိတွေ့ သူများကိုလည်း ကွာရန်တင်းစင်တာများတွင် မထားရှိတော့ဘဲ နေအိမ်တွင်သာ ထားရှိစောင့်ကြည့်မှု အစီအစဉ်ကိုလည်း လုပ်ဆောင်ထားရသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၂၂၀ဝ ကျော်ရှိပြီး သေဆုံးသူ ၂၂ ဦးအထိ ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနထံမှ သိရသည်။