တစ်ပတ်စာ ဗေဒင် (၂၈- ၁၂- ၂၀၂၀ မှ ၃- ၁-၂၀၂၁ ထိ)

0
510
Bay-Din

တနင်္ဂနွေ
လုပ်ငန်းနှင့် ပတ်သက်၍ စိတ်တိုင်းမကျဖြစ်ရတတ်သော ကာလဖြစ်သည်။ လာဘ်လာဘကြီး တစ်ခုရမည်။ နာရီ ဝင်မည်။ မင်္ဂလာစုံတွဲ ကံစမ်းပါ။ ကျန်းမာရေး ဂရုပြုပါ။ အဓိဋ္ဌာန်ပြုဆုတောင်း က မုချအောင်မြင်မည့်ကာလ ဖြစ်သည်။ မေတ္တာရေးသည်ကား အထီးကျန်ဆန်လွန်းသောကာလကို ဖြတ်ကျော်နေရဦးမည်။

အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ပန်းနုရောင်
မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ပူတင်း
ယတြာ ။ ။ ဆွမ်းခံဘုန်းကြီးတစ်ပါးကို ဆွမ်းဟင်းလောင်းလှူပါ။

တနင်္လာ
သင်ရည်မှန်းထားသော ရည်ရွယ်ချက်များ အထမြောက်မည်။ ငွေကြေးများစွာ ပိုင်ဆိုင်ရမည့် ကာလ ဖြစ်သည်။ ခရီးတစ်ခု သွားရမည်။ ယာဉ် ဝင်မည်။ သားသမီးရတနာများ ရတတ်သည်။ မိတ်ဆွေများနှင့် သဘောထားချင်း ကွဲလွဲတတ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ပတ်သက်သည့် ရောဂါများ သတိထားပါ။ အနက်ရောင်ပါသည့် ပစ္စည်းများ မဝယ်ပါနှင့်။ မေတ္တာရေးသည်ကား သင် လက်မထောင်နိုင်သောကာလမျိုး ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြရောင်
မစားသင့်သော အစားအစာ ။ ။ ရွှေဖရုံသီး၊ လက်ဘက်
ယတြာ ။ ။ ရွှေရင်အေးမုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ဘုရားဖူးခရီး သွားရမည်။ စီးပွားတက်မည့်ကာလ ဖြစ်သည်။ သင်ကုန်ကျထားသော ငွေများ တစ်နည်းနည်းနှင့် ပြန်ဝင်မည်။ အထက်လူကြီးများနှင့် သဘောထား ကွဲလွဲတတ်သည်။ သင့်အိမ်၌ နာရီများပျက်နေလျှင် ပြန်ပြင်ပါ။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား စိတ်ချမ်းသာပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ရွှေရောင်
မစားသင့်သော အစားအစာ ။ ။ ဆီကြော်မုန့်များ၊ ဝက်သား
ယတြာ ။ ။ နှင်းဆီပန်းတစ်စည်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ခရီးတစ်ခု သွားရမည်။ အလှူအတန်းပြုရ တတ်သည်။ မိတ်ဆွေသူငယ်ချင်းများ ကူညီမစမှု ခံရမည်။ မျက်စိ၊ ခြေထောက် နှင့်ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ ငွေကြေးကိစ္စအခက်အခဲ ကြုံရတတ်သည်။ ပညာရေးကိစ္စ၊ အင်တာ ဗျူးကိစ္စများ နှောင့်နှေးတတ်သည်။ မေတ္တာရေးသည်ကား ပျော်ရသလိုလိုနှင့် ရင်မောရတတ် သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ ။ ။ ချဉ်ပေါင်၊ ငရုတ်ဆီ
ယတြာ ။ ။ ဂန္ဓမာအဖြူ ၁၅ ပွင့်ကို ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
သင်လိုချင်သော အကူအညီကို ကူညီမည့်သူရှိပါသည်။ တယ်လီဖုန်း ဝင်မည်။ ခရီးတစ်ခုသွားရ တတ်သည်။ ဗုဒ္ဓဟူး၊ သောကြာသားသမီးများ၏ ကူညီမစမှုခံရမည်။ စိတ်အကြံပေါက်၍ အဓိဋ္ဌာန်မြောက်မည့်ကာလ ဖြစ်သည်။ အစာမှား၊ ဆေးမှား ဖြစ်တတ်သည်။ အင်္ဂါသားသမီးများနှင့် စိတ်ဝမ်းကွဲရတတ်သည်။ ထီကံစမ်းပါ။ မေတ္တာရေးသည်ကား ရွှေရောင်အိပ်မက်များတကယ်ဖြစ်လာမည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ ။ ။ လက်ဖက်သုပ်၊ အုန်းနို့
ယတြာ ။ ။ သစ်သီးကိတ်မုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ကားဝယ်ခြင်းကိစ္စ ကောင်းသည်။ သင့်အိမ်သို့ ရပ်ဝေးဧည့်သည်များ ရောက်လာလျှင် ထီပေါက် တော့မည်ဟု သတ်မှတ်ပါ။ သင်တန်းတက်ခြင်း၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ အကြံကောင်းတစ်ချက်ကြောင့် အောင်မြင်မည်။ တီဗွီ၊ စလောင်းဝယ်ခြင်းများမပြုပါနှင့်။ အဆုတ် အားနည်းခြင်းဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင်ချစ်သူနှင့် မခွဲမခွာအတူနေရပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ ။ ။ ကောက်ညှင်း၊ အမဲသား
ယတြာ ။ ။ ငှက်ပျောကြော်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ခရီးတစ်ခု သွားရမည်။ ငွေကြေးများစွာ ဝင်လာမည်။ စပ်တူရှယ်ယာလုပ်ငန်းများအခက် အခဲဖြစ်တတ်သည်။ စိုင်ကော်၍ ချုံပေါ်ရောက်မည့်ကာလ ဖြစ်သည်။ ဖုန်း ပျောက်တတ်သည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြောရတတ်သည်။ အထက်လူကြီးများနှင့် သဘောထားကွဲလွဲတတ် သည်။ မေတ္တာရေးသည်ကား အစစအရာရာသာယာလှပနေမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ သီဟိုစေ့၊ သခွားသီး
ယတြာ ။ ။ ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ