တစ်ပတ်စာ ဗေဒင် (၂၁- ၁၂- ၂၀၂၀ မှ ၂၇- ၁၂-၂၀၂၀ ထိ)

0
554
Bay-Din

တနင်္ဂနွေ
လာဘ်လာဘများ ရရှိမည်။ မိတ်ဆွေကောင်းများ ကူညီမစမှုခံရမည်။ လုပ်ငန်း၌ အလောတကြီး ဆုံးဖြတ်ချက်များ ဂရုစိုက်ပါ။ အဝတ်အထည်များ လက်ဆောင်ရလျှင် သင်မဝတ်ဘဲ အခြားသူကို ပြန်စွန့်လိုက်ပါ။ သင့်အိမ်ရှိ အသက်ကြီးသူလူကြီးများ ကျန်းမာရေးဂရုစိုက်ပါ။ မတော်တဆ ထိခိုက်မှုဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင်အိပ်မက်များ ဖြစ်လာဖို့ပေးဆပ်နေရဦးမည်။ ။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ပေါက်စီ ၂ လုံးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
သင်စိတ်သစ်လူသစ်ဖြစ်မည့်ကာလ ဖြစ်သည်။ ငွေကြေးနှင့် ပတ်သက်၍ သင်ကံကောင်းသော ကာလဖြစ်သည်။ ထီ ကံစမ်းသင့်သည်။ အလှူအတန်းများ ပြုရတတ်သည်။ နာရီ မဝယ်ပါနှင့်။ သင့်ကိုဒုက္ခတစ်ခု ဖြစ်စေတတ်သည်။ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများရရှိမည်။ ဖုန်းပျက်တတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ကြည်နူးစရာကမ္ဘာလေး တစ်ခုဖန်တီးနိုင်မည်။
အကျိုးပေးသော အရောင် ။ ။ ပန်းရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ နဂါးမောက်သီးကို ခွဲစိတ်၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ဆိုင်ဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ထီ(သို့မဟုတ်) ထီနှင့်အလားတူငွေဝင်မည်။ သတင်းထူးတစ်ခုကြားရမည်။ ကြာသပတေးသားသမီးများ၏ ကူညီမစမှုခံရမည်။ လူကြီးသူမတို့နှင့် နားလည်မှု ကွဲလွဲတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ကြယ်တွေစုံတဲ့ညကဲ့သို့ သာယာလှပမည်။
အကျိုးပေးသော အရောင် ။ ။ အညိုရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ ဇီးရောင်၊ ပြောက်ကျား
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေလှူဒါန်းပါ။

ဗုဒ္ဓဟူး
အိမ်ဆောက်ခြင်း လုပ်ငန်းများလုပ်ဆောင်ခြင်း ကောင်းသည်။ ထွက်သွားသော ငွေကြေးများ ပြန်ဝင်မည်။ ယာဉ်ရောင်းချမည့်ကိစ္စများ အဆင်ပြေမည်။ မြေကိစ္စ၊ အမွေကိစ္စများစကား ပြောရတတ်သည်။ ကျန်းမာရေး ဂရုပြုမည်။ မေတ္တာရေးသည်ကား ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ရွှေရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ဖရဲသီးတစ်ပန်းကန်၊ ကိတ်မုန့်တစ်ပန်းကန်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
စပ်တူရှယ်ယာများ အဆင်ပြေမည်။ မိမိဘာပဲကြံစည်စည် အဆင်ပြေမည်။ ထီ ကံစမ်းပါ။ သင်ဆုံးရှုံးထားသော ငွေကြေးများပြန်ရမည်။ စက်ပစ္စည်းများ မဝယ်သင့်ပါ။ သင့်အိမ်ရှိစက် ပစ္စည်းများခဏခဏ ဒုက္ခပေးတတ်သည်။ ဗုဒ္ဓဟူးသားသမီးများ သင့်ကိုကူညီမစမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ကြာသပတေးနေ့ နံနက် ၉ နာရီတွင် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
လူငယ်များ ပညာရေးအခွင့်အလမ်း ကောင်းမည်။ မိမိအိမ်သို့ ရပ်ဝေးဧည့်သည်များ လာမည်။ သင့်လုပ်ငန်းများ အကျိုးအမြတ်ကြီးကြီးရမည်။ မြေရောင်းချမည့်ကိစ္စများ အဆင်ပြေမည်။ ခရီးတစ်ခု သွားရတတ်သည်။ မိမိအိမ်ရှိစက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ လည်ချောင်း၊ အဆုတ်နှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် မကွေကွင်း ရတော့ပါ။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ကြာသပတေး၊ စနေသားသမီးများ၏ ကူညီမစမှု ခံရမည်။ မြေဝယ်သည့်ကိစ္စများ ကောင်းသည်။ လုပ်ငန်းနှင့်ပတ်သက်၍ အောင်မြင်ပါမည်။ ဖုန်းမဝယ်ပါနှင့်။ ငွေကြေးနှင့်ပတ်သက်၍ အထွက်များနေတတ်သည်။ မိမိအိမ်ရှိ အသက်ကြီးသူလူကြီးများ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား နှလုံးသားမှာ ဝိုးတိုးဝါးတားဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ ငွေရောင်၊ ဇီးရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့်ကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ