တစ်ပတ်စာ ဗေဒင် (၁၄- ၁၂- ၂၀၂၀ မှ ၂၀- ၁၂-၂၀၂၀ ထိ)

0
300
Bay-Din

တနင်္ဂနွေ
စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ဥစ္စာပစ္စည်းများ စုဆောင်းမိမည်။ ခရီး သွားရမည်။ ပညာသင်၊ သင်တန်းတက်ခြင်းကိစ္စများ အဆင်ပြေမည်။ နာရီ ဝင်မည်။ သွေးထွက်သံယို ဖြစ်တတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေချေးငှားခြင်း ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူစိတ်ကောက်ပြေရန်အချိန်ပေးရမည်။ ။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ သာကူမုန့်ကိုမွေးနေ့၌ ဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
စိန်ထည်ပစ္စည်းများ ဝင်မည်။ ဖုန်းပျက်၍ အသစ်ပြန်ဝင်မည်။ ငွေကြေးကတော့ သင့်ဆန္ဒပြည့် လာမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးတတ်သည်။ သင့်ကို ကူညီမစမည့်သူများရှိသည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ သွေးသားနှင့် ပတ်သက်၍ ရောဂါရတတ် သည်။ မေတ္တာရေးသည်ကား တိမ်ကင်းစင်သော လမင်းပမာသာယာမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အညိုရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ ဘုရားစေတီရင်ပြင်၌ အမှိုက်လှည်းပါ။

အင်္ဂါ
ငွေကြေးများစွာ ဝင်မည်။ ဘာသာရေးအဓိဋ္ဌာန်အောင်မြင်နိုင်သောကာလ ဖြစ်သည်။ မိတ်ဆွေများ အကျိုးပြုကြမည်။ ယခုလအတွင်း ကားဝယ်ခြင်း၊ လဲလှယ်ခြင်း မပြုရပါ။ သတင်းစကားကောင်းတစ်ခု ကြားရတတ်သည်။ လုပ်ငန်းများအောင်မြင်မည်။ အကယ်၍ ဘုရားခန်း၌ ချွတ်ယွင်းချက်တစ်စုံတစ်ရာရှိလျှင် ချက်ချင်းပြင်ပါ။ မေတ္တာရေးသည်ကား ဆန္ဒနှင့် ဘဝထပ်တူကျမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ ဈေးထဲ၌ ကဏန်းအရှင်များတွေ့လျှင် ၁၁ ကောင်ကို ဘေးမဲ့ လွှတ်ပါ။

ဗုဒ္ဓဟူး
ဝန်ထမ်းဖြစ်ပါက မိမိမျှော်မှန်းထားသော နေရာသို့ရောက်ရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေခြင်း ဖြစ်မည်။ အလှူအတန်းများ ပြုရတတ်သည်။ နေရာအပြောင်းအရွှေ့ပြုရခြင်းများကြုံမည်။ ငွေကြေးများစွာ ဆုံးရှုံးရတတ်သည်။ မြေ မဝယ်သင့်ပါ။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား အိပ်မက်ကချိုချို ဘဝကခါးခါး ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ယာဉ် ဝင်မည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ရေလမ်းခရီး သွားရတတ်သည်။ သင်တောင့်တသောငွေကြေးများ ရလာမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အချစ်ဟာသင့်အတွက် အိုအေစစ် ဖြစ်ပါ လိမ့်မည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ သစ်ခွပန်း အဖြူကို မွေးနေ့၌ ဘုရားပန်း ကပ်လှူပါ။

သောကြာ
လုပ်ငန်းများ ပွင့်လင်းအဆင်ပြေလာမည်။ ငွေကြေးများ စုဆောင်းမိမည်။ လူမျိုးကွဲတို့ ကူညီမစမှု ခံရမည်။ သင်စိတ်ကူးကြံစည်မှုများ အောင်မြင်မည့်ကာလ ဖြစ်သည်။ နာရီ ဝင်မည်။ ဒူးနာ၊ ခါးနာဖြစ်တတ်သည်။ ဆေးရုံဆေးခန်းများ တက်ရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ ရွှေရင်အေးမုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
အိပ်မက်ကောင်းများ မက်မည်။ သင့်အိမ်သို့ သံဃာတော်တစ်ပါးကြွလာလျှင် မုချ ထီကံစမ်းပါ။ လုပ်ငန်းထဲ၌ စိတ်ကသိကအောက်များ ကြုံရလျှင် ဂရုစိုက်ပါ။ ယခုလအတွင်း ဖုန်း မဝယ်ပါနှင့်။ ဆွေမျိုးများ ကူညီမစမှုခံရမည်။ လုပ်ငန်းများစတင်ရန်အချိန်စောင့်ရမည်။ လူငယ်များ အခွင့်အလမ်းကောင်းများရရှိမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရွှေလက်တွဲရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ရွှေရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ဇီးရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ နဂါးမောက်သီးကိုစိတ်၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ