တစ်ပတ်စာ ဗေဒင် (၇- ၁၂- ၂၀၂၀ မှ ၁၃- ၁၂-၂၀၂၀ ထိ)

0
209
Bay-Din

တနင်္ဂနွေ
ယခုလအတွင်း ရွှေမဝယ်ပါနှင့်။ မြေ ဝင်မည်။ အလှူအတန်းများ ပြုရတတ်သည်။ တန်ခိုးကြီး ဘုရားပုံတော်များ ရရှိမည်။ သင်သည်ရပ်ဝေး၌ အလုပ်လျှောက်ထားပါက အဆင်ပြေမည်။ သားသမီးရတနာများ ရမည်။ ငွေကြေးကိစ္စနှင့် ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ မတော်တဆသွေးထွက်သံယိုများ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ရင်ထဲကဝေဒနာ များကို ချစ်သူကမသိသောကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ခဲရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၄၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ စေတီတစ်ဆူဆူ၌ မိမိအားသည့်နေ့တွင် စေတီအောက်ခြေရှိ ရေညှိများကို သန့်ရှင်းရေးလုပ်ပါ။

တနင်္လာ
ငွေကြေးကိစ္စအခက်အခဲများ အဆင်ပြေမည်။ ထီကံစမ်းပါ။ စီးပွားရေးလုပ်ငန်းများ စတင် ဆောင်ရွက်ရန် သင့်လျော်သော ကာလဖြစ်သည်။ လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ လက်ဝတ်ရတနာ တစ်ခုဝင်မည်။ လူငယ်များ အခွင့်အလမ်းများရရှိမည်။ သင့်အိမ်ရှိ တီဗွီ၊ ရေခဲသေတ္တာများ ပျက်စီးတတ်သည်။ သွားကိုက်ခြင်း၊ သွေးထွက်သံယို ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်ရာသက်ပန် လက်တွဲခွင့်ရမည်။
အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ဝ၊ ၂၊ ၅ ပါသော ဂဏန်းများ
ယတြာ ။ ။ သီလရှင်တို့ကို လိုအပ်သည့်ပစ္စည်းလှူပေးပါ။

အင်္ဂါ
မြေ ဝင်မည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ သင်လိုချင်သော အခြေအနေမျိုးရရှိမည်။ လုပ်ငန်းနှင့်ပတ်သက်၍ အစစအရာရာအဆင်ပြေမည်။ ကျန်းမာရေး နှင့် ပတ်သက်၍ စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် အိုကေ၍ အဆင်ပြေမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ပြောက်ကျား
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၇၊ ၄ ပါသော ဂဏန်းများ
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့်ကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
အလှူအတန်းများ ပြုရတတ်သည်။ သင်လုပ်ချင်သော လုပ်ငန်းများ ယခုအချိန်ဆောင်ရွက်က အဆင်ပြေမည်။ ငွေကြေးနှင့်ပတ်သက်၍ အထွက်များခြင်း၊ ကြန့်ကြာခြင်းများ ဖြစ်တတ်သည်။ လူငယ်များ သင်တန်းတက်ပညာသင်ကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ကန္တာရထဲမှာ လမ်းပျောက်နေသကဲ့သို့ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ကတ္တီပါရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ပြောက်ကျား
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ဝ၊ ၁၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ဂန္ဓာမာအဖြူ ၁၅ ပွင့်ကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
ရွှေထည်ပစ္စည်းများ ဝင်မည်။ လာဘ်လာဘများ ဝင်မည်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်လည်ဆုံးစည်းရတတ်သည်။ ငွေကြေးများစွာဝင်မည်။ ယခုလအတွင်း မည်သည့်စက်ပစ္စည်းမျှ မဝယ်ပါနှင့်။ အကြောနှင့်ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ လုပ်ငန်းများအောင်မြင် အဆင်ပြေမည်။ မေတ္တာရေးသည်ကား ကြယ်တွေစုံတဲ့ည ကဲ့သို့သာယာလှပနေမည်။
အကျိုးပေးသော အရောင် ။ ။ အပြာရောင်၊ အဖြုရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျား
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၂၊ ၄၊ ၅ ၊ ၉ ပါသောဂဏန်းများ
ယတြာ ။ ။ စေတီတစ်ဆူဆူ၌ ရေညှိခွာခြင်းဖြင့် ကုသိုလ်ယူပါ။

သောကြာ
မင်္ဂလာစုံတွဲ ကံစမ်းပါ။ သင်ကံကောင်းသောကာလသို့ ရောက်နေပါသည်။ ပညာရေးကိစ္စ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ လုပ်ငန်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက် များ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ အစာမှားဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေး သည်ကား ချစ်ခရီးလမ်းက ပျားရည်ဆမ်းသောခရီးဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ ဇီးရောင်၊ ရွှေရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ စပျစ်သီးကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
နိုင်ငံရပ်ခြားနှင့် ဆက်စပ်သောကိစ္စများ အဆင်ပြေမည်။ အမွအနှစ်များ ရရှိတတ်သည်။ ဘုရားဆင်းတုပုံတော်များ ဝင်မည်။ တယ်လီဖုန်း မဝယ်သင့်သောကာဖြစ်သည်။ ခရီးတစ်ခု သွားရမည်။ လုပ်ငန်းများအဆင်ပြေအောင်မြင်မည်။ အစာအိမ်လေရောဂါများ သတိထားပါ။ မေတ္တာရေးသည်ကား ခရီးမနီးသေးပါ။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၃၊ ၄၊ ၇၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ မုန့်ဟင်းခါးတစ်ချိုင့် မွေးနေ့၌ ဘုန်းကြီးကျောင်းသို့လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ