ဆားကြမ်းဈေး သုံးပုံတစ်ပုံကျ

0
655
ဆားလုပ်ငန်းတစ်နေရာ

မွန်ပြည်နယ်တွင် ဆားလုပ်ရာသီ အစ၌ ဆားကြမ်းဈေးမှာ သုံးပုံတစ်ပုံခန့် အထိကျသွားသည်ဟု ပြည်နယ်အတွင်းရှိ ဆားအရောင်းအဝယ်ပြုလုပ်နေသူတို့နှင့် ဆားတောင်သူတို့ထံမှ သိရသည်။

ပုံမှန်အားဖြင့် ဆားလုပ်ရာသီအစတွင် ဆားကြမ်းဈေးမှာ ယခုနှစ်တွင် ကိုဗစ်ကန့်သတ်ချက်များကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဈေးမှာ အနိမ့်ဆုံးသို့ ကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။

“ကိုဗစ်စဖြစ်ကတည်းက ဘယ်ကိုမှ ပို့လို့မရဖြစ်သွားတယ်။ အရောင်းအဝယ်တွေလည်းမရှိ၊ ဈေးကွက် ပျောက်သွားတဲ့အနေအထား ဖြစ်သွားတယ်။ အခု ဆားအသစ်လည်းစထွက်နေပြီး ဆားအဟောင်းကလည်း ဒီအတိုင်းပုံနေတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငဆားကွင်း မှ ဆားတောင်သူ နိုင်ထွန်းကြည်က ပြောသည်။

ဆားလုပ်ငန်းတစ်နေရာ

လက်ရှိတွင် ဆားကြမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀ မှ ၇၀ အကြား ရှိနေပြီး ယမန်နှစ်ကမူ ယခုလို ဆားလုပ် ရာသီအစတွင် တစ်ပိဿာတွင် ကျပ် ၂၀ဝ ရှိခဲ့သည်ဟု ပငဆားတောင်သူတို့က ပြောသည်။

ယခုနှစ် ဆားရာသီတွင် ဆားတောင်သူတို့က ဆားလုပ်ငန်းကို အရင်းအနှီးအခက်အခဲ၊ အလုပ်သမား ရှားပါးသည့်အခက်အခဲများကြားက အရှုံးခံပြီး လုပ်ကိုင်နေကြရသည့်အနေအထားဖြစ် နေသည်ဟု ဆားတောင်သူတို့က ပြော သည်။

“အရှုံးခံပြီး လုပ်နေတယ်။ သေချာတာတစ်ခုကတော့ ဒီနှစ်ကတော့ ရှုံးမှာပဲ” ဟု ဆားကွင်းဧက ၂၀ ကျော်လုပ်ကိုင်နေသည့် ကိုကျော်သူက ပြောသည်။

ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆားကြမ်းတစ်ပိဿာထွက်ရှိရန် ကုန်ကျစရိတ်သည် ကျပ် ၆၀ အထက်ရှိ ပြီး ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၉၀ မှ ၁၀ဝ အကြား ရရှိမှသာ အဆင်ပြေကြမည်ဟုလည်း ကိုကျော်သူက ဆက်ပြော သည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလ လယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဒီဇင်ဘာလတွင် ဆားကြမ်းစတင်ထုတ် လုပ်ကြသည်။

ဆားလုပ်ငန်းတစ်နေရာ

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့လည်း အဓိက တင်ပို့ရောင်းချနေသည်ဟု ပြည်နယ်ဆား လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက္ခမီမြို့နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့သည် နေလှန်းဆားအများအပြား ထုတ်လုပ်ရာ ဒေသဖြစ်သည်။