တစ်ပတ်စာ ဗေဒင်(၃၀- ၁၁- ၂၀၂၀ မှ ၆- ၁၂-၂၀၂၀ ထိ)

0
369
Bay-Din

တနင်္ဂနွေ
ပညာရှင်၊ ဥစ္စာဓနရှင်များ၏ ကူညီမစမှု ခံရမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်။ သင့်အိမ်သို့ တခြား သူများ ညအိပ်ညနေဆိုင်ကယ်များ လာထားပါက လက်မခံပါနှင့်။ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ရွှေဖရုံသီး
ယတြာ ။ ။ အရဟံဂုဏ်တော် ၆ ပတ် ပုတီးစိပ်ပါ။

တနင်္လာ
လုပ်ငန်းများ အောင်မြင်မှု ရရှိမည်။ ငွေကြေးများစွာ ဝင်လာမည်။ အဆောက်အအုံဆောက်ခြင်း၊ အလှူအတန်းပြုခြင်းများ ပြုရတတ်သည်။ နိုင်ငံရပ်ခြားနှင့်ဆက်စပ်သော ကိစ္စများအဆင်ပြေ မည်။ ရွှေထည်ပစ္စည်းများ သတိထားဝတ်ဆင်ပါ။ လူအလိမ်ခံရ တတ်သည်။ မေတ္တာရေးသည် ကား လက်ထပ်မင်္ဂလာပြုရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အညိုရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
မစားသင့်သော အစားအစာ ။ ။ ဝက်သား၊ အမဲသား
ယတြာ ။ ။ သင်္ဘောသီးမှည့်ကို စိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ အင်တာဗျူးဖြေထားသူ၊ ဖြေမည့်သူများ အဆင်ပြေမည်။ စက်ပစ္စည်းများ ဝင်မည်။ မိမိအိမ်ရှိအသက်ကြီးသူ လူကြီးများကျန်းမာရေး ဂရုပြုပါ။ ခရီးမသွားသင့်သောကာလ ဖြစ်သည်။ ငွေကြေး အထွက်များနေတတ်သည်။ မေတ္တာရေး သည်ကား အလွမ်းနှင့် အချစ်တစ်လှည့်စီ ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ ။ ။ ဆီကြော်မုန့်များ၊ အပူအစပ်များ
ယတြာ ။ ။ ရွှေချည်ထိုးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
ယာဉ်ရောင်းချမည့် ကိစ္စများအဆင်ပြေမည်။ လုပ်ငန်းများ အဆင်ပြေမည်။ အိမ်ဆောက်ခြင်း များကောင်သည်။ ရေခဲသေတ္တာ၊ တီဗွီများ ဝင်တတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ အစာမှားဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နှစ်ပါးဂဟေဆက် ပေါင်းဖက်ရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အဖြူရောင်၊ ပြောက်ကျား
မစားသင့်သော အစားအစာ ။ ။ ငါးချဉ်၊ သခွားသီး
ယတြာ ။ ။ မုန့်လုံးရေပေါ်ကိုမွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
တီဗွီ၊ ရေခဲသေတ္တာများ ဝင်တတ်သည်။ သားသမီးရတနာများ ရမည်။ ဆွေမျိုးသားချင်းများ ကူညီစမှု ခံရမည်။ ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ သင်လုပ်ချင်သော လုပ်ငန်း ရှယ်ယာများအတွက် စိုးရိမ်စိတ်မထားဘဲ ဆောင်ရွက်ပါ။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရာသက်ပန်လက်တွဲရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ ။ ။ အုန်းနို့၊ လက်ဖက်
ယတြာ ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ငွေကြေးများစွာ ဝင်လာမည်။ မျှော်လင့်ထားသော အခြေအနေများကောင်းများ ပိုင်ဆိုင်ခွင့်ရ မည်။ မြေရောင်းချမည့်ကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး ကောင်းမည်။ ဆွေမျိုးသား ချင်းများနှင့်ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ မေတ္တာရေးသည်ကား ထာဝရ မေတ္တာကို ပိုင်ဆိုင်ခွင့်ရမည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ ။ ။ အမဲသား၊ ထောပတ်
ယတြာ ။ ။ ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းပါ။

စနေ
မြေ ဝင်မည်။ လာဘ်လာဘများ ရရှိမည်။ မိမိအိမ်သို့ ညအိပ်ညနေလာသူများ၊ ယာဉ်များ လာထားပါက လက်မခံပါနှင့်။ ထီကံစမ်းသင့်သည့်အချိန် ဖြစ်သည်။ မိမိအိမ်ရှိ အသက်ကြီး သူလူကြီးများ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ချစ်မေတ္တာများခိုင်မြဲ နေမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ အသုပ်စုံ၊ စမူဆာ
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ