လောင်းလုံးတွင် ကျောင်းနှင့် ဝန်ထမ်းအိမ်ရာအတွက် သိန်း ၁၅၀ဝ၀ သုံးမည်

0
258
Dawei Watch, Dawei News, Dawei News Media

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးအတွက် ကျပ်သိန်းပေါင်း ၁၅၀ဝ၀ အသုံးပြုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အောက်ကျောက်ဝပ်၊ (ဂ) ရပ်ကွက်၊ မဲမော်၊ သဗျာ၊ ပိတက်ကြီး၊ ငပိတက်ငယ်၊ ပြင်ကြီး(သဘော့ဆိပ်) တို့တွင် အကျယ်အဝန်း ပေ ၇၀- ၃၀ ရှိ နှစ်ထပ် စာသင်ဆောင်နှင့် ပေ ၆၀ – ၃၀ တစ်ထပ် ဝန်ထမ်းအဆောင်ကိုလည်း ဆောက်လုပ် မည်ဖြစ်ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဦးဇော်ဇော်စိုး(စီမံ/ဘဏ္ဍာ) က ပြောသည်။

လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည်

ယင်းအပြင် ညောပြင်၊ ပန်းတလဲ၊ ကမြောကင်း၊ သကျက်တော၊ ကျောက်နီမော်၊ မြို့ဟောင်း၊ ကမ်းပနီ၊ မောင်းမကန်၊ ကရင်ကြီး စသည့်ကျေးရွာများတွင်လည်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ကြောင်း ဦးဇော်ဇော်စိုးက ဆိုသည်။

လက်ရှိတွင် ယင်းအဆောက်အအုံများ ဆောက်လုပ်ရန် တင်ဒါခေါ်ထားပြီးဖြစ်သည်။

ဟိဏ်းဇော်