တစ်ပတ်စာ ဗေဒင် (၂၃- ၁၁- ၂၀၂၀ မှ ၂၉- ၁၁-၂၀၂၀ ထိ)

0
272
Bay-Din

တနင်္ဂနွေ
လာဘ်လာဘများ ရမည်။ လက်ဝတ်ရတနာများ ဝင်မည်။ သတင်းစကားကောင်းများ ကြားရ၍ စိတ်ချမ်းသာရမည်။ အင်တာဗျူး၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ ဒူးနာ၊ ခါးနာ ဖြစ်တတ်သည်။ မောင်နှမသားချင်းများ၊ မိတ်ဆွေများနှင့် ပတ်သက်၍ သောကရောက်ရတတ်သည်။ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာ ပြုရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ ပူတင်းမုန့်ကို ဘုရားကပ်လှူပါ။

တနင်္လာ
ထီ (သို့) ထီနှင့် အလားတူ ငွေဝင်မည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများအဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ အတိုက်အခံအနှောင့် အယှက်တစ်ခု ကြုံရတတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ ခပ်အေးအေးဖြစ်နေမည်။ မေတ္တာရေးသည်ကား တွဲလက်များခိုင်မြဲနေမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ပန်းဆီရောင်
အကျိုးမပေးသော အရောင် ။ ။ မီးခိုးရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ သာကူမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ယခုလအတွင်း ယာဉ်ဝင်ခြင်း၊ လဲလှယ်ခြင်း မပြုပါနှင့်။ သားသမီးရတနာများ ရတတ်သည်။ မိတ်ဆွေကောင်းများ ကူညီမစမှုခံရမည်။ အိမ်ဆောက်ခြင်း၊ အိမ်ဝယ်ခြင်းများ ကောင်းပါသည်။ ငွေကြေးချေးငှားခြင်း ဂရုစိုက်ပါ။ လုပ်ငန်းနှင့် ပတ်သက်၍ အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သော်လည်း နီးစပ်ခွင့်မရသေးသောကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းဆီရောင်၊ အညိုရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ စံပယ်ပန်းကို ဘုရားပန်းအဖြစ်ကပ်လှူပါ။

ဗုဒ္ဓဟူး
အမွေအနှစ်များ ရရှိတတ်သည်။ သင့်အိမ်ကို သံဃာတော်တစ်ပါးကြွလာလျှင် ထီကံစမ်းပါ။ မြေဝယ်မည့်ကိစ္စများ အဆင်ပြေမည်။ သင်လိုချင်သော အတိုင်းအတာထက်ငွေကြေးများ ပိုရမည်။ ဖုန်း မဝယ်ပါနှင့်။ သားသမီးရတနာများ ရမည်။ ကျန်းမာရေး အညံ့မရှိပါ။ သို့သော် သင့်အိမ်ရှိလူကကြီးသူမများ၏ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်မေတ္တာများ လန်းဆန်းဝေဖြာနေမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ကာကီရောင်၊ ခဲပုပ်ရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ငှက်ပျောသီးကို အခွံနွာပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ စိန်ထည်ပစ္စည်း၊ ရတနာပစ္စည်းများ ဝင်တတ်သည်။ အလှူအတန်း ပြုရတတ်သည်။ ငွေကြေးနှင့် ပတ်သက်၍ အဆင်ပြေမည်။ ဆိုင်ကယ်၊ ယာဉ် များပျောက်ရှတတ်သည်။ သင်တန်းကိစ္စများ ခပ်အေးအေးဖြစ်နေတတ်သည်။ ရေကူးခြင်း၊ ရေချိုးခြင်း သတိထားပါ။ မေတ္တာရေးသည်ကား နီစပ်ခွင့်ရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အပြရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
မြေ ဝင်မည်။ ကားဝယ်ခြင်း၊ လဲခြင်း မပြုပါနှင့်။ လုပ်ငန်းများ အဆင်ပြေမည်။ အလှူအတန်းများ ပြုရတတ်သည်။ စကားပြောမှားတတ်သည်။ သင့်ဆွေမျိုးသားချင်းများ ကျန်းမာရေးနှင့် ပတ်သက်၍ သတင်းဆိုးကြားရ တတ်သည်။ သွေးတိုး၊ အဆုတ်နှင့် ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား အိပ်မက်ဟာ အိပ်မက်ပဲဖြစ်နေဦးမည်။
အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ စံပယ်ပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ
လုပ်ငန်းများ အောင်မြင်မည်။ အိုးအိမ်ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်းကိစ္စများ ဆောင်ရွက်ရ တတ်သည်။ ငွေကြေးများစွာ ဝင်မည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ ယာဉ်ရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ သွား၊ ခံတွင်းနှင့်ပတ်သက်၍ ကျန်းမာရေးဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သင်နှင့် ချစ်သူကြားမှာ မေတ္တာများ စမ်းရေပမာအေးမြနေမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။- အပြာရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ လိမ္မော်သီးကို အခွံနွာပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ