ကျေးလက်လမ်းအတွက် ငွေကျပ် သန်း ၅၀ ကျော် သုံးမည်

0
237
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်းရှိ ကျေးလက်လမ်းများ ဖောက်လုပ်အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သန်း ၅၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။

အဆိုပါ ဘတ်ဂျက်များအနက်မှ ပေငါးဆယ်နှင့်အထက် တံတားများ ဆောက်ရန်အတွက် တံတားဦးစီးဌာနသို့ ငွေကျပ် ခြောက်သန်းကျော်ကို လုပ်ငန်းအပ်နှံခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

အထက်ပါ ငွေကြေးအနက်မှ ပစ္စည်း တင်ဒါခေါ်ပြီး ဌာနကိုယ်တိုင်ကြီးကြပ်မည့် လုပ်ငန်းများအတွက် ကျပ် ၂၂ သန်းခန့် အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

လုပ်ငန်းတစ်ခုလုံးတင်ဒါခေါ်မည့် လုပ်ငန်းများအတွက်ကိုမူ ကျပ် ၂၂ သန်းကျော် သုံးစွဲမည်ဖြစ်သည်။

အထက်ပါငွေကြေးများကို တိုင်းအတွင်း အဆင့်လိုက်သတ်မှတ်ထားသည့် လမ်းများ အဆင့်မြှင့်တင်ဖောက် လုပ်ရာတွင် သုံးစွဲမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်မိုးဦးက ဆိုသည်။

ကျေးလက်ဒေသရှိ လမ်းများကို အတန်းအစား သုံးခုခွဲကာ သတ်မှတ်ထားသည်။ အဓိက မိန်းလမ်းမကြီးကို လာရောက် ချိတ်ဆက်သည့် လမ်းကို အဆင့် အေ (Class-A) အဖြစ်လည်းကောင်း၊ Class-A ကိုချိတ်ဆက်သည့် လမ်းကို အဆင့် ဘီ(Class-B)အဖြစ်လည်းကောင်း၊ Class-Bကိုချိတ်ဆက်သည့်လမ်းကို အဆင့် စီ(Class-C) အဖြစ် သတ်မှတ် ထားသည်။

လာမည့် ၂၀၂၁ ခုနှစ်တွင် Class-A စာရင်းဝင် လမ်းများအားလုံးကို ကတ္တရာ လမ်း(သို့) ကွန်ကရစ်လမ်းအဖြစ် လည်းကောင်း၊ Class-B စာရင်းဝင် လမ်းအားလုံးကို ရာသီမရွေးသွားလာနိုင်သည့် အမာခံ လမ်းအဆင့်ဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရ သည်။

Class- C စာရင်းဝင်လမ်းများကိုမူ လာမည့် ၂၀၂၅ ခုနှစ်တွင် အမာခံလမ်းအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။