လမ်းပျောက် တနင်္သာရီ စိုက်ပျိုးရေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လမ်းပျောက် တနင်္သာရီ စိုက်ပျိုးရေး

တနင်္သာရီတိုင်းမှာ စင်ကာပူနိုင်ငံထက် အဆ ၆၀ ကျယ်တဲ့ မြေရှိပါတယ်။ အဲဒီမှာမှ ကာကွယ်တောနဲ့ မစိုက်ပျိုးနိုင်တဲ့ မြေပြီးရင် လူအများ လုပ်ကိုင်စားသောက်ကြတဲ့ စိုက်ပျိုးမြေက အများဆုံးပါ။ စုစုပေါင်း မြေဧရိယာရဲ့ ၁၀ ပုံတစ်ပုံကို စိုက်ပျိုးမြေအဖြစ် ရှိပါတယ်။ တနင်္သာရီတိုင်းမှာ စိုက်ပျိုးမြေဧရိယာချည်းပဲ စင်ကာပူနိုင်ငံရဲ့ ၆ ဆ ကျယ်ဝန်းပါတယ်။

တနင်္သာရီတိုင်းရဲ့ စိုက်ပျိုးမြေတွေမှာ ဆီအုန်းက အများဆုံးပါ။ နောက်ပြီး ရာဘာနဲ့ စပါးက ဒုတိယနဲ့ တတိယ အသီးသီးလိုက်ပါတယ်။

ကျွန်တော်တို့ တနင်္သာရီတိုင်းဟာ အစိုးရ အဆက်ဆက် ဆောင်ပုဒ်တွေ အများကြီးအောက်မှာ ပိနေကြတယ်။ ဥပမာ တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံရဲ့ ဆီအိုးကြီး ဖြစ်ရမယ်ဆိုတာမျိုးပေါ့။ ပြီးရင် ရွှေဖြူဆိုပြီး စိုက်လိုက်တဲ့ ရာဘာတောတွေ တနင်္သာရီတိုင်းမှာ ဒုတိယ စိုက်ပျိုးမြေအများဆုံး စိုက်ပျိုးပင်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတည်းက ရာဘာစျေးကျလို့ ရာဘာပင်တွေ ခုတ်ပစ်ပြီး အခြားအပင် စိုက်ပျိုးနေကြပြန်ပါပြီ။

အခုတော့ ကွမ်းသီးစျေးလေးက မဆိုး၊ ၀ဥ က စျေးကောင်းဆိုတော့ အဲဒီအပင်တွေ စိုက်ပျိုး လုပ်ကိုင်စားသောက်တဲ့သူတွေ နည်းနည်းတော့ ခံသာနေပါတယ်။ အခု စျေးအကောင်းဆုံးနဲ့ တွက်ချေအကိုက်ဆုံးက အုန်းသီးဖြစ်လာပါတယ်။

ချုပ်ပြောရရင် ဟိုခေတ်မှာ ဟိုအပင်ကောင်းရင် ဟိုအပင်စိုက်၊ ဒီခေတ်မှာ ဒီအပင်ကောင်းရင် ဒီအပင်စိုက်နဲ့ ကျွန်တော်တို့ တောင်သူတွေ ကြိုးစားပန်းစား အားထုတ်လုပ်ကိုင်လာခဲ့ကြတယ်။ ဒါပေမဲ့ တကယ်ကို သီးနှံထွက်မဲ့ အချိန်လည်းရောက်ရော အဲဒီအပင်တွေက စျေးကောင်းမရတော့ပြန်ဘူး။ ဒီတော့ အဲဒီအပင်တွေကို ပြန်ခုတ် အခြားအပင် ပြန်အစားထိုးစိုက်နဲ့ လုံးချာလည်လိုက်နေပါတယ်။

ဒီတော့ အရေးကြီးတဲ့ မေးခွန်းရောက်လာပါပြီ။ ကျွန်တော်တို့ ဘာလုပ်စားကြမလဲ။ ကျွန်တော်တို့ မြေရေတောတောင် သဘာဝန်းကျင် ကောင်းကို မှီတည်ပြီး ကျွန်တော်တို့ ဘာတေွ စိုက်ပျိုး လုပ်ကိုင်စားသောက်ကြမလဲ။
အခု အဲဒီမေးခွန်းကို တည်ပြီး ဒီစကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။