ကော့သောင်း လျှပ်စစ်တင်ဒါဖွင့်ပွဲ

0
214
ကော့​သောင်း လျှပ်စစ်တင်ဒါဖွင့်ပွဲ

ကော့သောင်းမြို့နယ်၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဖွင့်ပွဲကို ထားဝယ်မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

အဆိုပါလုပ်ငန်းအတွက် လက်ရှိ ထားဝယ်နှင့် မြိတ်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်ရထားသည့် Petro&Trans ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ခြောက်ခုဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

Southern Coastline Group၊ ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ၊ KDDPC၊ Petro &Trans၊ Astro Worldနှင့် Siam Energy Seven ကုမ္ပဏီတို့ဖြစ်သည်။

လက်ရှိတင်ဒါဖွင့်ပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။

ပထမအကြိမ်တင်ဒါဖွင့်စဥ်က ဝင်ပြိုင်သည့်ကုမ္ပဏီများမှာ သတ်မှတ်ချက်အချို့ မပြည့်မီသည့်အတွက် ဖျက်သိမ်းခဲ့သည်။

မည်သည့်ကုမ္ပဏီက တင်ဒါအောင်မည်ဆိုသည်ကိုမူ လတ်တလောတွင် သိရဦးမည်မဟုတ်သေးပေ။