ပါကေးငါး ဆင်းတူးရာ အောက်ဆီဂျင် ပြတ်သဖြင့် နှစ်ဦးသေဆုံး

0
248
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ငါးသေတ္တာ(ငါးစည်)စက်ရုံရှိ ငါးအမှုန့်ကြိတ်စက်တံတားတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ပါကေးငါးဆင်းတူးသည့် ငါးဦးမှာ အောက်ဆီဂျင်ပြတ်လပ်ခဲ့ပြီး ယင်းတို့အနက် နှစ်ဦးသေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

စက်ရုံတံတားရှိ လှေဝမ်းအတွင်းတွင် လှေသားတစ်ဦးက ပါကေးငါးများ ဆင်းတူးရာမှ မေ့မျောသဖြင့် ကျန်လှေသား လေးဦးမှ ဆင်းကယ်ရာ ငါဦးစလုံး အောက်ဆီဂျင်ပြတ်ပြီး မေ့လဲခဲ့ရကြောင်း သိရသည်။

အဆိုပါ လှေသားတို့အား ကျန်မာရေးအထောက်အကူပြုယာဉ်တို့ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာတွင် နှစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဆေးဝါးကုသမှုခံယူနေရကြောင်း ရဲစခန်းမှ သိရသည်။

“ကျန်သုံးယောက်က ကျန်းမာရေး ပြန်ကောင်းသွားပါပြီ” ဟု မြိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။