ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် ထားဝယ်ခရိုင်က အားကစားသမားအများစု ဆုရ

0
306
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း မြေပြင်အား ကစားပွဲများ ရပ်နားထားချိန်တွင် လူစု လူဝေးမဖြစ်စေဘဲ အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုအကဲဖြတ်ပေးသည့် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို တိုင်းအတွင်း နိုဝင်ဘာလ ဒုတိယအပတ်က ကျင်းပခဲ့သည်။

အားကစားနှင့် ကာယပညာဦးစီး ဌာနက ဦးစီးကျင်းပသည့် ယင်းပြိုင်ပွဲ မြို့နယ်အားလုံးမှ အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၃၀ ဦး စုစုပေါင်း လူဦးရေ ၆၀ ဝင်ပြိုင်ခဲ့ရာ ထားဝယ်ခရိုင်မှ ကစားသမား အများစုက ဆုများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားပြိုင်ပွဲ ပထမဆုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အမျိုးသမီးပြိုင်ပွဲ ပထမဆုနှင့် တတိယဆုတို့ ကို ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စသည်ဖြင့် ထားဝယ်ခရိုင်က ဆုသုံးဆု ရရှိခဲ့သည်။

ရန်ကုန်သောင်တင်နေသူများ အိမ်ပြန်နိုင်ရေး ရောင်ခြည်

ကျန်သည့် အမျိုးသားပြိုင်ပွဲ ဒုတိယဆုနှင့် တတိယဆုနှစ်ခုအား ကော့သောင်း မြို့နယ်ကရရှိခဲ့ပြီး အမျိုးသမီးပြိုင်ပွဲ ဒုတိယဆုအား မြိတ်မြို့နယ်မှ ရရှိခဲ့သည်။

ယခု ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် ၁၈ ကိုက်အကွာအဝေးတွင်ရှိသော ဂိုးတိုင်၊ ဂိုးဘားတန်းတို့ကို ဘောလုံးဖြင့် ထိအောင်ကန်ပြခြင်း၊ အချိန်ငါးမိနစ်အတွင်း ဘောလုံးအား ခြေဖျားဖြင့် ဘက်၊ ညာ အချက် ၂၀၊ ခြေခွင်ဖြင့် အချက် ၂၀၊ ဒူးဖြင့် အချက် ၂၀ စသည့်ဖြင့် ခတ်ပြ ပြိုင်ပွဲဝင်ခြင်းဖြစ်သည်။

ယင်းသို့ယှဉ်ပြိုင်နေသည်ကို အွန်လိုင်းတွင် တိုက်ရိုက်လွှင့်ပြီး အွန်လိုင်းမှပင် အကဲဖြတ်အမှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဆုရရှိသူများအား ပထမဆု ကျပ် သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆု ကျပ်တစ်သိန်းကို နိုဝင်ဘာလ ၁၁ ရက်က ချီးမြှင့်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင် ပြောသည်။

ကျော်သူစိုး