တစ်ပတ်စာ ဗေဒင် (၁၆- ၁၁- ၂၀၂၀ မှ ၂၂- ၁၁-၂၀၂၀ ထိ)

0
578
Bay-Din

တနင်္ဂနွေ
ရေခဲသေတ္တာ၊ TV စသော လူသုံးကုန်ပစ္စည်းများဝင်မည်။ အဝတ်အထည်၊ လာဘ်လာဘများ ဝင်မည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ လုပ်ငန်းသစ်များ စတင်လုပ်ဆောင်ရန် အချိန်ပေးရမည်။ ငွေကြေးနှင့် ပတ်သက်၍ စိတ်သောကများပြေပျောက်သွားမည်။ မိမိအိမ်ရှိ လူကြီးသူမများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ကြည်နူးစရာနေ့ရက်များဖြတ်သန်း ရမည်။
အကျိုးပေးသော အရောင် ။ ။ အပြာရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အနောက်အရပ်
ယတြာ ။ ။ မြေပဲယိုစားပြီး လုပ်ငန်းများဆောင်ရွက်ပါ၊။

တနင်္လာ
ရပ်ဝေးခရီးများ သွားရတတ်သည်။ ထီ (သို့) ထီနှင့် အလားတူ ငွေဝင်မည်။ မော်တော်ကား ဝင်မည်။ သင့်ကံကြမ္မာက အထူးအကျိုးပေးသော ကာလဖြစ်သည်။ သင်လုပ်ချင်သောအရာများ ခရီးရောက်မည်။ လူလိမ် ခံရတတ်သည်။ ဆီး၊ အဆုတ်နှင့် ပတ်သက်သော ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူထံမှ ချစ်မေတ္တာများ ပိုင်ဆိုင်ခွင့်ရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ မုန့်ကုလားမဲကို အင်္ဂါနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
နိုင်ငံရပ်ခြားနှင့် ဆက်စပ်သောကိစ္စများ အဆင်ပြေမည်။ လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ တခြားမြို့များ၌ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရတတ်သည်။ လာဘ်လာဘများ ရရှိ တတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်ရသည်ထက် လွမ်းရသည်က ကြာရှည်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ်။ ။ အရှေ့အရပ်
ယတြာ ။ ။ ဆီထမင်းကို စားတော်ပဲဖြူး၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
ကြာသပတေးသားသမီးတစ်ဦး ကူညီမစမည်။ ငွေကြေးများစွာ ဝင်မည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ လုပ်ငန်းထဲ၌ မပျော်ဖြစ်ရတတ်သည်။ စကားမှားခြင်း၊ အတိုက်အခံဖြစ်ခြင်း ကြုံရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား နှလုံးသားမှာအပြုံးပန်း တစ်ရာဝေနေမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ပြောက်ကျား
မသွားသင့်သော အရပ် ။ ။ အရှေ့အရပ်
ယတြာ ။ ။ ဘုန်းကြီးကျောင်းကို မုန့်ဟင်းခါးတစ်ချိုင့် မွေးနေ့၌ လှူပါ။

ကြာသပတေး
ဆိုင်ဖွင့်ခြင်းကိစ္စများ ကောင်းမည်။ လုပ်ငန်းများတို့ချဲ့လျှင် အဆင်ပြေမည်။ ငွေကြေးများစွာ ရေလိုဝင်မည်။ ခရီးတစ်ခု သွားရတတ်သည်။ ပညာရေးကိစ္စခပ်အေးအေး ဖြစ်နေတတ်သည်။ တယ်လီဖုန်းပျက်ခြင်း၊ ရွှေထွက်ခြင်း ဖြစ်တတ်သည်။ အပေါင်းအသင်းများနှင့် စိတ်ဝမ်းကွဲမှု ဖြစ်ရတတ်သည်။ မေတ္တာရေးသည်ကား အေးချမ်းသာယာမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ စပျစ်သီးကို အပ်စပ်အောင်ပြုပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
အမွေအနှစ် ရရှိတတ်သည်။ လုပ်ငန်းစာမေးပွဲဖြေထားသူများ၊ ဖြေမည့်သူများ အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ ယခုလအတွင်း ငွေချေးငှားခြင်း ဂရုစိုက်ပါ။ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား မုန်တိုင်းကထန်ထန် ရေဆန်ကိုတက်နေရသလိုဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ ခဲရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက်ရည်စူးငွေလှူပါ။

စနေ
လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေမည်။ မိတ်ဆွေကောင်းများကူညီမစမှု ခံရမည်။ ကုန်ကျထားသော ငွေများ၊ ရရန်ကျန်နေသော ငွေများ ပြန်ဝင်မည်။ သင်ဆောင်ရွက် စရာအရေးကြီးကိစ္စရှိလျှင် ယခုအချိန်ဆောင်ရွက်ရန် အကောင်းဆုံးဖြစ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အရာရာကြည်နူးစရာဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ဘုန်းကြီးကျောင်းအား ဆွမ်းဟင်းတစ်ချိုင့် မွေးနေ့၌
သွားရောက်လှူဒါန်းပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ