မွန်ညီညွတ်ရေး ပါတီ မဲဆန္ဒနယ် ၁၁ နေရာအနိုင်

0
442
မွန်ညီညွတ်ရေး ပါတီ မဲဆန္ဒနယ် ၁၁ နေရာအနိုင်

ကနဦး မဲရေ အတွက် မှုစာရင်းများအရ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီ က ကိုယ်စားလောင်း ၁၁ ဦးအနိုင်ရရှိထားကြောင်းရွေးကောက်ပွဲ မဲရေတွက်မှုစာရင်းများအရသိရှိရသည်။

ရေးမြို့နယ်တွင်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာ ၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၁ နေရာ ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ စုစုပေါင်းမဲဆန္ဒနယ် ၅ နေရာ စလုံးတွင် မွန်ညီညွတ်ရေးပါတီ က အနိုင်ရရှိခဲ့သည်။

မုဒုံမြို့နယ်တွင် မွန်ညွတ်ရေး ပါတီက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တို့တွင် အနိုင်ရရှိ ခဲ့သည့်အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင်လည်း အနိုင်ရရှိခဲ့သည်။ မုဒုံ မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်းသိရှိရသည်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) ၊ သံဖြူဇရပ် မြို့နယ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) နှင့် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တို့တွင်လည်း မွန်ညီညွတ်ရေး ပါတီ ကအနိုင်ရရှိခဲ့သည်။

မွန် ညီညွတ်ရေးပါတီ အနေနှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ၊ ရန်ကုန်တိုင်း ၊ မဲခူးတိုင်း ၊ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင် ကိုယ်စားလှယ်လောင်း ၆၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ရလဒ်များသည် မဲရေတွင်မှု စာရင်းများ အရသိရှိရခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကမှု အတည်ပြုထားခြင်း မရှိသေးပေ။