တစ်ပတ်စာ ဗေဒင် (၉- ၁၁- ၂၀၂၀ မှ ၁၅- ၁၁-၂၀၂၀ ထိ)

0
591
Bay-Din

တနင်္ဂနွေ
ရေလမ်းခရီး သွားရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ အကြံအဉာဏ်ကောင်း အခွင့်အလမ်းကောင်းများ ရရှိမည်။ ပန်ကာ၊ air con များ ယခုလ၌ မဝယ်ပါနှင့်။ ငွေကြေးများစွာ ဝင်လာမည်။ ဒူးနာခြင်း၊ ကျောအောင့်ခြင်းများ ဖြစ်တတ်သည်။ မေတ္တာရေး သည်ကား သင်နှင့် ချစ်သူတို့ နှစ်ယောက် တစ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်။
အကျိုးပေးသော အရောင် ။ ။ ငွေရောင်၊ အနီရောင်
အျကိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ပန်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၇၊ ၂၊ ဝ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ်ခွပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

တနင်္လာ
ငွေကြေးများ သပိတ်ဝင်အိတ်ဝင် ဖြစ်မည်။ သင်ပြောဆိုရမည့် ကိစ္စများ အထူးအောင်မြင်မည်။ စက်ပစ္စည်းတစ်ခုဝင်ပြီး ပြန်ထွက်မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အခက်အခဲကြုံ သော်လည်း အောင်မြင်ပါမည်။ တယ်လီဖုန်းပျက်ခြင်း၊ အဆုတ်အအေးပတ်ခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သံယောဇဉ်ကြိုးများ ခိုင်မြဲနေမည်။
အကျိုးပေးသော အရောင် ။ ။ ငွေရောင်၊ ဇီးရောင်
အျကိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၇ ပါသောဂဏန်းများ
ယတြာ ။ ။ ဘုရားသိမ်တစ်ခု၌ တရားထိုင်ဖျာတစ်ချပ်လှူပါ။

အင်္ဂါ
လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ လုပ်ငန်းများ အောင်မြင်မည်။ မြေကိစ္စအမွေကိစ္စ စကား ပြောရတတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ စိတ်ပင်ပန်းစရာ ဖြစ်မည်။ ကျန်းမာရေး ဂရုပြုရမည်။ ယခုလအတွင်း ယာဉ်ဝယ်ခြင်း၊ လဲခြင်းမပြုပါနှင့်။ မေတ္တာရေးသည်ကား ရင်ခုန်သံများထပ်တူမကျ ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အျကိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ခရမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၅၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ပညာရေးကိစ္စ၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ အိပ်မက်ကောင်းများ မက်မည်။ သို့သော် ယခုလ၌ ယာဉ်မဝယ်ပါနှင့်။ ကုန်ကျထားသော ငွေကြေးများ ပြန်ရတတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ ခပ်အေးအေးဖြစ်နေတတ်သည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သင်နှင့် ချစ်သူကြားမှာ သာကကို မေတ္တာဖြင့် ဆေးကြောနိုင်မည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အျကိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ၁၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ မုန့်လုံးရေပေါ်ကို မွေးနေ့၌ ဘုရားဆွမ်းတော် ကပ်လှူပါ။

ကြာသပတေး
အလုပ်လျှောက်ထားသူဖြစ်က မုချအလုပ်ရမည်။ စီးပွားရေးကိစ္စ အောင်မြင်မည်။ ထီ(သို့) ထီနှင့် အလားတူငွေဝင်မည်။ မြေရောင်းမည့်ကိစ္စ အဆင်ပြေမည်။ သင်တန်းကိစ္စ၊ ပညာရေး ကိစ္စ အခက်အခဲဖြစ်တတ်သည်။ လက်စွပ်၊ လည်ဆွဲများ ပျောက်ရှတတ်သည်။ မေတ္တာရေး သည်ကား ချိုမြိန်သော အိပ်မက်များ တကယ်ဖြစ်လာမည်။
အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ ငွေရောင်
အျကိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၇၊ ဝ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ်ခွပန်း မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ စိန်ထည်ပစ္စည်းတစ်ခုခု ဝင်မည်။ မြေ ဝင်မည်။ သင်စိတ်ဝင်စားသော ပညာရပ်တစ်ခု သင်ကြားခွင့်ရမည်။ မတော်တဆ ထိခိုက်ခြင်း၊ ဆေးရုံ ဆေးခန်းတက်ရခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ ဆန္ဒနှင့် ဘဝတစ်ထပ်တည်းကျသော ကာလဖြစ်နေမည်။
အကျိုးပေးသော အရောင် ။ ။ ပန်းရောင်၊ လိမ္မော်ရောင်
အျကိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၄၊ ၁၊ ၅ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ်သီး သုံးမျိုးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ဘာပဲလုပ်လုပ် လုပ်ငန်းများအောင်မြင်မည်။ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ နေရာဌာန ကောင်းများ၌ တာဝန်ထမ်းဆောင်ရ တတ်သည်။ ယခုလအတွင်း မြေမဝယ်သင့်သေးပါ။ ငွေကြေးကတော့ မမြဲသေးပါ။ မိမိအိမ်ရှိ မိခင်၊ အဒေါ် ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေး သည်ကား ချစ်သူနှင့် ပြန်လည်ဆုံးစည်းရမည်။
အကျိုးပေးသော အရောင် ။ ။ အညိုရောင်၊ ငွေရောင်
အျကိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၂၊ ၇၊ ၅ ပါသော ဂဏန်းများ
ယတြာ – မုန့်ကုလားမဲကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ