တပ်မဲရုံအမှတ် ၁၃ တွင် ပြည်သူ့လွှတ်တော်အတွက် ၁၆ မဲ တွင် USDP က ၁၄ မဲရ

0
261
တပ်မဲရုံအမှတ် ၁၃

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ် အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း တပ်မဲရုံတစ်ခုဖြစ်သည့် မဲရုံအမှတ် ၁၃ တွင် မဲဆန္ဒရှင်ပေါင်း ၆၇၀ ရှိပြီး ကြိုတင်မဲပေးသူ ၁၆ ဦး ရှိကြောင်း သိရသည်။

ကြိုတင်မဲများရေတွက်ရာ ပြည်သူ့လွှတ်တော်တွင် USDP ပါတီကိုယ်စားလှယ်လောင်း ဦးဇော်လှိုင်ဝင်းက ၁၄ မဲနှင့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဥက္ကာမင်းက ၁ မဲ ရရှိခဲ့သည်။ ကျန် ၁ မဲမှာ ပယ်မဲ ဖြစ်သည်။

ကျန်သည့် ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တစညပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှာ မဲမရှိခဲ့ပေ။

တပ်မဲရုံအမှတ် ၁၃

မြင့်မိုရ်(မြိတ်)/ Dawei Watch