မြိတ်မီးလင်းရေး HFO လောင်စာအစား ဂက်စ်ဖြင့် ပေးရန်တင်ပြထားဟု လျှပ်စစ်ဝန်ကြီးပြော

0
339
ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်

မြိတ်မြို့နယ် မီးလင်းရေးအတွက် HFO လောင်စာသုံး စက်ကြီးများနေရာတွင် ဂက်စ်ဖြင့်အစားထိုးကာ လျှပ်စစ်မီး ပေးနိုင်ရေး တနင်္သာရီတိုင်း ဥပဒေချုပ်ရုံး သို့ တင်ပြထားကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရ ကပြောသည်။

မြိတ်မြို့နယ်အား HFO လောင်စာသုံး စက်ကြီးဖြင့် မီးပေးရန် Petro & Trans ကုမ္ပဏီမှ တင်ဒါအောင်ထားပြီး လက်ရှိကိုဗစ်ကာလ အခြေအနေကြောင့် နိုင်ငံခြားသို့ စက်များသွားရောက် သယ်ယူရန် အခက်အခဲကြုံနေရသည်။

ယင်းကြောင့် ကျွန်းစုတွင်ဆိုက် ရောက်နေသည့် ဂက်စ်သင်္ဘောမှတစ်ဆင့် ဂက်စ်အင်ဂျင်ဖြင့် မြိတ်မြို့အား မီးပေးရန် ကုမ္ပဏီမှ တင်ပြလာကြောင်း ဝန်ကြီး က ဆိုသည်။

မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ်

“ဒီလိုလုပ်ဖို့ ဥပဒေနဲ့ ညီညွတ်မူ ရှိ၊ မရှိဆိုတာ ရှေ့နေချုပ်ရုံးကို သဘောထား တောင်းခံထားပါတယ်။ ရရင်တော့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

HFO လောင်စာသုံးစက် အစား ဂက်စ်လောင်စာဖြင့် မီးပေးနိုင်လျှင် သဘာဝပတ်ဝန်းကျင် ထိခိုက်မူ နည်းမည် ဖြစ်သလို ဈေးနှုန်းလည်း ပိုသက်သာမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ဥပဒေအရ ခွင့်ပြုချက်ရလျှင် ကုမ္ပဏီနှင့် အစိုးရအဖွဲ့အကြား စာချုပ်အသစ် ထပ်မံချုပ်ဆိုသွားရန် စီစဉ်ထားကြောင်းလည်း ၎င်းကပြောပြသည်။

Petro & Trans ကုမ္ပဏီသည် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် မြိတ်မြို့ နယ်အား ၂၀ မဂ္ဂါဝပ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် တိုင်းအစိုးရတွင် တင်ဒါအောင်ထားသည်။

သို့သော် လက်ရှိကိုဗစ်ကပ်ဘေးကြောင့် မူလသဘောတူညီထားသည့် HFO လောင်စာသုံး စက်များသွားရောက် သယ်ယူရန် အခက်အခဲဖြစ်နေပြီး လက်ရှိအချိန်တွင် မြိတ်မြို့မီးလင်းရေးအတွက် ဒီဇယ်အင်ဂျင်များဖြင့် ခုတ်မောင်းကာ မီးပေးနေရသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းကာ ဈေးနှုန်းမှာလည်း တင်ဒါအောင် ထားသည့်နှုန်းထက် ပိုလျော့မည့်အပေါ် မြိတ်ဒေသခံအချို့က ကြိုဆိုကြသော်လည်း အပြောင်းအလဲလုပ်လွန်းသည်ဟု ဆိုကာ ဝေဖန်မှုများလည်း ရှိနေသည်။

ကိုဆန်း