ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
455
Bay-Din

တနင်္ဂနွေ
ပရိဘောဂပစ္စည်းများ ဝင်မည်။ သားသမီးရတနာ ရမည်။ ငွေကြေးများစွာထွက်ပြီး ပြန်ဝင်မည်။ ယခုလအတွင်း စီးပွားရေးတိုးမည်။ ခရီးသွားချင်စိတ် များနေမည်။ ဒူး၊ သွားနှင့် ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ မိမိအိမ်ရှိ အသက်ကြီးသူ လူကြီးများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား သောကကင်း၍ ပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ – မှို၊ ပြောင်းဖူး
ယတြာ – သစ္စာပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ
ငွေ ဝင်မည်။ သင့်စိတ်ကူးအကောင်အထည်ဖော်စရာရှိလျှင် ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါ။ ပုလဲ ရတနာဝင်မည်။ ဆွေမျိုးသားချင်းများနှင့်ပတ်သက်၍ သတင်းဆိုးကြားရတတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်ရတတ်သည်။ ကျန်းမာရေး စိတ်ပူစရာမရှိပါ။ မေတ္တာရေးသည်ကား သင်နှင့် ချစ်သူကြားမှာ ရေလိုအေးပြီး ပန်းလိုလန်းပါမည်။
အကျိုးပေးသော အရောင် ။ ။ ပန်းရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အညိုရောင်
မစားသင့်သော အစားအစာ ။ ။ ဝက်သား၊ ချဉ်ပေါင်
ယတြာ ။ ။ စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
နာရီ ဝင်မည်။ စပ်တူရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်လည် ဆုံစည်းရမည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စနှင့် ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်နေရတတ်သည်။ သင်ရောင်းချင်သော စက်ပစ္စည်းများ ထွက်မည်။ ကျန်းမာရေး ဂရုပြုရ မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြား အလွမ်းကမ္ဘာလေး ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ ခရမ်းရောင်၊ ပန်းရောင်
မစားသင့်သော အစားအစာ ။ ။ ကလီစာအမျိုးမျိုး၊ အသုပ်စုံ
ယတြာ ။ ။ မုန့်ကုလားမဲကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
နိုင်ငံရပ်ခြားနှင့်ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ ဥစ္စာဓနများ တိုးပွားမည်။ ပညာသင်သူများ အခွင့်ကောင်းရမည်။ စက်ပစ္စည်းများ ဒုက္ခပေး တတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူမှင့် မိမိကြားမှာ မျှော်တလင့်လင့် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ငွေရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ ။ ။ ငါးခြောက်၊ ဝက်သား
ယတြာ ။ ။ ဂန္ဓမာအဝါ ၁၇ ပွင့် ကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
စက်ပစ္စည်းတစ်ခု ဝင်မည်။ လုပ်ငန်းသစ်များ စတင်လုပ်ဆောင်ရတတ်သည်။ ရွှေထွက်ပြီး ပြန်ဝင်မည်။ ခရီးတစ်ခု သွားရတတ်သည်။ နာရီ မဝယ်သင့်ပါ။ ယာဉ်ရောင်းချမည့် ကိစ္စ အဆင်ပြေမည်။ ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ မေတ္တာရေးသည်ကား မစွံသူများစွံမည့် ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
မစားသင့်သော အစားအစာ ။ ။ အုန်းနို့၊ လက်ဘက်သုပ်
ယတြာ ။ ။ သစ်ခွပန်းအဖြူကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ အင်တာဗျူးကိစ္စ၊ အလုပ်လျှောက်ထားသော ကိစ္စများ အဆင်ပြေမည်။ ယခုလအတွင်း ကားဝယ်ခြင်း၊ လဲလှယ်ခြင်း မပြုရပါ။ မျက်စိ၊ အာရုံကြောများ အားနည်းတတ်သည်။ မေတ္တာရေးသည်ကား ကြည်နူးတစ်လှည့် ရင်မောတစ်လှည့် ဖြစ်နေမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ ပြောက်ကျား
မစားသင့်သော အစားအစာ ။ ။ ကောက်ညှင်း၊ ချဉ်ပေါင်
ယတြာ ။ ။ ဗောဓိညောင်ပင်အားမွေးနေ့၌ သက်စေ့ရေလောင်းပါ။

စနေ
ယခုလအတွင်း မြေမဝယ်သင့်ပါ။ အိမ်ဆောက်မည့် ကိစ္စများ ကောင်းပါသည်။ အလှူအတန်း ပြုရတတ်သည်။ လုပ်ငန်းများ အောင်မြင်မည်။ ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍ သတင်းကောင်း ကြားရတတ်သည်။ ရွှေထည်ပစ္စည်း ထွက်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ပျော်ရွှင်စွာလက်တွဲခွင့်ရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ ဆီကြော်မုန့်များ
ယတြာ ။ ။ နှင်းဆီအနီ ၇ ပွင့် မွေးနေ့၌ ဘုရားပန်း ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ