မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ်

0
406
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်ရှိ အဝေးပြေးကားဝင်းအသစ်နှင့် ရပ်ကွက်အတွင်းရှိ လမ်းခုနစ်လမ်းတို့အား အောက်တိုဘာလ ၂၇ ရက်နေ့က အသွားအလာကန့်သတ်လိုက်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

အဝေးပြေးကားဝင်းအသစ်ရှိ ကားဂိတ် ဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ရခြင်းကြောင့် ကားဝင်းအပါအဝင် ၎င်းနှင့် ထိတွေ့ခဲ့သူများနေထိုင်သည့် နေရာများကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အသွားအလာကန့်သတ်ခဲ့ရသည့် အဝေးပြေးကားဝင်းအသစ်နှင့် လမ်းခုနစ်လမ်းတို့တွင် အိမ်ခြေ ၂၀၂ အိမ်၊ အိမ်ထောင်စု ၁၉၉ စု၊ လူဦးရေ ၁၃၆၄ ဦးရှိကြောင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

မြိတ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာ ၅၁ ဦးရှိပြီး သက်သာပျောက်ကင်းသည့်လူနာ ၂၈ ဦးနှင့် ဆေးဝါးကုသနေရသည့်လူနာ ၂၃ ဦးရှိကြောင်း တိုင်းဒေသ ကြီးကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြင့်မိုရ်(မြိတ်)