ပန်းပုအနုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများခိုးကူးခံနေရ

0
281
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်အတွင်း ပန်းပုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများကိုပုံတူပွား (မိုပွား)၍ ဈေးကွက်အတွင်း ဈေးနှုန်းလျှော့ချကာ ရောင်းချလျှက်ရှိကြောင်း ထားဝယ်ခရိုင် ပန်းချီ/ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးလှရွှေထံမှသိရသည်။

ပန်းပုရုပ်များကို လူမှုရေးအသင်း အဖွဲ့များ၊ ဘာသာရေးအဆောက်အဦများတွင် အများဆုံး အသုံးပြုလျက်ရှိပြီး အလွယ်တကူပုံတူပွား(မိုပွား) ခိုးယူခံရသည်မှာ နှစ်ကာလကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ယခုအခါ နည်းပညာတိုးတက်လာသဖြင့် ဖိုင်ဘာနှင့် ဆီလီကွန်နည်းပညာ အသုံးပြုပြီး ခိုးကူးရန် ပို၍ လွယ်ကူလာကြောင်း လုပ်ငန်းလုပ်ကိုင်နေသူ ပန်းပုပညာရှင် ကိုရဲကျော်စွာက ဆိုသည်။

“ကိုယ်တိုင်ရေးဆွဲပြီး အချိန်အများ ကြီးရင်းနှီးပြီး လုပ်ထားတဲ့ ဒီဇိုင်းတွေကို ဝယ်ပြီး အဆင်သင့် မိုပွားခိုးယူပြီးဈေး ကွက်ထဲမှာ ထက်ဝက်ဈေးလျှော့ပြီးရောင်းချနေတာက လုံးဝမလုပ်သင့်ဘူး။ ကျွန်တော်တို့အရမ်းနစ်နာတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ခိုးကူးမိတ္တူပွား(မိုပွား)၍ ဈေးကွက်တင်ရောင်းချနေမှုများကို မြန်မာနိုင်ငံပန်းချီ/ပန်းပုအစည်းအရုံး၏ လမ်းညွှန်ချက်အရလည်းကောင်း၊ ကိုယ်ပိုင်ထုလုပ်ထားသော အနုပညာရှင်များ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာဥပဒေအရလည်းကောင်း ထိရောက်စွာအရေး ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ထားဝယ်ခရိုင် ပန်းချီ/ပန်းပုအစည်းအရုံးထံမှ သိရသည်။

တင်ဌေး