တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

0
273

မဲပေးခြင်း အဆင့်များ

မဲသွားပေးတဲ့အခါမှာ မှန်မှန် ကန်ကန်၊ မြန်မြန်ဆန်ဆန်ဖြစ်ဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကနေ ကင်းဝေးနိုင်စေဖို့ ဒီအချက်တွေကို သတိထားသင့်ပါတယ်။

မဲရုံကို သွားတဲ့အခါ

၁။ နှာခေါင်းစည်း တပ်သွားပါ။

၂။ အိမ်ကနေ ဘောလ်ပင်ယူ ဆောင်သွားပါ။

မဲရုံကို ရောက်တဲ့အခါ

၁။ ပထမဦးစွာ မဲရုံရှေ့တွင် ကပ်ထားသည့် မဲစာရင်းများထဲမှ မိမိ နာမည်နှင့် မဲစာရင်းနံပါတ်ကို ရှာဖွေပါ။

၂။ အခြားသူများနှင့် ခြောက်ပေ ကွာဝေးနေအောင် ဂရုစိုက်ပါ။

၃။ ကိုယ့်လက်မှ မင်တို့ထားခြင်း မရှိကြောင်း မဲရုံဝင်ပေါက်က လုံခြုံရေးကို ပြသပါ။

၄။ မသန်စွမ်းသူ ဒါမှမဟုတ် အကူအညီလိုအပ်နေသူတွေကို ဦးစား ပေးပါ။

မဲလက်မှတ် ထုတ်ယူခြင်း

၁ ။ မဲရုံအတွင်းမှာရှိတဲ့ မဲဆန္ဒရှင် စာရင်းမှာ မိမိမှာ ပါလာတဲ့ ဘောလ်ပင်နဲ့ လက်မှတ်ထိုးပါ။ (တကယ်လို့ ပါမလာဘူးဆိုရင်တော့ အဲဒီမှာရှိတဲ့ ဘောလ်ပင်နဲ့ ထိုးလို့ရပါတယ်။)

၂။ မဲလက်မှတ်ထုတ်ပေးတဲ့သူဆီမှာ လက်မှတ်ထိုးပြီး ကိုယ့်အတွက် မဲလက်မှတ်ကို ထုတ်ယူရမှာပါ။ (အနည်းဆုံး မဲသုံးပြား ပေးရမှာဖြစ်ပါတယ်။ ပထမဆုံးက ပြည်သူ့လွှတ်တော်မဲပြား ဖြစ်ပြီး ဒုတိယက အမျိုးသားလွှတ်တော်၊ နောက်ဆုံးတစ်ပြားက တိုင်းဒေသကြီး လွှတ်တော်အတွက် ဖြစ်ပါတယ်။ တိုင်းရင်းသားအချို့ကတော့ သူတို့ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးအတွက် နောက်ထပ် မဲတစ်ပြား ပေးရမှာပါ။)

၃။ လျှို့ဝှက်ဆန္ဒပြုလို့ရတဲ့နေရာကို သွားပြီး မဲလက်မှတ်ပေါ်က ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းပေါ်မှာ တံဆိပ်တုံးထုရမှာ ဖြစ်ပါတယ်။(တကယ်လို့ မဲလက်မှတ်ဟာ မတော်တဆ စုတ်ပြဲသွားတာ၊ ထိခိုက်ပျက်စီးသွားတာမျိုး ဖြစ်သွားရင် အသစ်ပြန်လဲခိုင်းလို့ ရပါတယ်။)

၄။ ပြီးတော့ မဲပုံးဆီကိုသွားပြီးတော့ မဲလက်မှတ်ကို ထည့်လိုက်ရုံပါပဲ။

၅။ အဲဒီလို နောက်ထပ် နှစ်ကြိမ် ထပ်မံလုပ်ဆောင်ရပါမယ်။

၆။ သုံးကြိမ်ပြီးသွားတဲ့အခါမှာတော့ မင်တို့ပေးတဲ့သူဆီကို သွားပြီး လက်သန်းကို မင်အတို့ခံရပါမယ်။ မတို့ခင်မှာ လက်ကို ပိုးသတ်ဆေးနဲ့ သန့်စင်ဆေးကြောရပါမယ်။ စက္ကန့် ၃၀ လောက် စောင့်ပြီးမှ ဘယ်ဘက်လက်သန်းကို မင်တို့ပေးမှာ ဖြစ်ပါတယ်။

၇။ အဲဒါပြီးရင်တော့ မဲရုံကနေ ထွက်ခွာလို့ ရပါပြီ။