ကုန်စည်ဝင်ရောက်မှုကြန့်ကြာ သဖြင့် ကုန်ပစွည်းအချို့ ဈေးတက်

0
519
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်းသို့ ကုန်စည် ဝင်ရောက်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် ကုန်ပစွည်းအချို့မှာ ဈေးတက်လာကြောင်း ပြည်နယ်အတွင်း ကုန်ရောင်းဝယ်နေသူတို့နှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ထံမှ သိရသည်။

ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ကာလတွင် ရောဂါထိန်းချုပ်နိုင်ရေး ကန့်သတ်မှုများ၊ စစ်ဆေးမှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောသည်။

“အထိုက်အလျောက်တော့ ကြန့်ကြာမှုလေးကတော့ ကြုံခဲ့ရတယ်။ ရပ် တန့်သွားတာတော့မဟုတ်ဘူး” ဟု ဦးခင်အောင်သွင်က ပြောသည်။

ကိုဗစ်-၁၉ မဖြစ်ခင်က ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ရှိခဲ့ရာ ယခုအခါ ၁၃၀ဝ ကျပ် ရှိနေပြီး စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်ထက် ကျပ် ၂၀ဝ ခန့် မြင့်တက်လာသည်ဟု ကုန်သည်တို့က ပြောသည်။

“လမ်းမှာ စစ်ဆေးမှုက များတော့ ကုန်စည်ဝင်ရောက်မှုက နောက်ကျတယ်။ ဥပမာ ဒီနေ့ဝင်ရမယ့်ဟာက မနက်ဖြန် သန်ဘက်ခါမှ ရောက်တယ်၊ နောက်တစ်ခုက ကားခတွေ ဈေးတက်တယ်။ ကားခ တွေနှစ်ဆလောက်တက်သွားတယ်” ဟု မော်လမြိုင်ကုန်စည်ဒိုင်မှ ကုန်ရောင်းဝယ်သူ ဦးအောင်က ပြောသည်။

လက်ရှိအနေအထားအရ မွန်ပြည်နယ်အတွင်း ကုန်စည်အရောင်းအဝယ် ပါးနေသည်ဟု ၎င်းက ဆက်ပြောသည်။

ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန် ကန်စေရေးအတွက် အဖွဲ့ပေါင်းစုံပါသည့် အထောက်အကူပြုရေးအဖွဲ့ ဖွဲ့စည်း ပြီး ကြီးကြပ်ဆောင်ရွက်နေသည်ဟုလည်း မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောသည်။

၎င်းပြင် မွန်ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာနအနေနှင့် ပြည်နယ်အတွင်း အရေးကြီးကုန်များဖြစ်သည့် စားသုံးကုန်ပစွည်းများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစွည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်း ချမှုမရှိစေရန် စောင့်ကြည့်နေပြီး သက်ဆိုင်ရာဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြနေသည်ဟုလည်း ပြောသည်။