ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
512
Bay-Din

၂၆-၁၀-၂၀၂၀ မှ ၁-၁၁-၂၀၂၀ ထိ

တနင်္ဂနွေ
ဈေးဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရတတ်သည်။ စိန်ထည်ပစ္စည်းတစ်ခု ဝင်မည်။ လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ မြေရောင်းမည့် ကိစ္စများအဆင်ပြေမည်။ ပညာရေး အင်တာဗျူးကိစ္စ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပါ။ အာရုံကြော၊ မျက်စိ အားနည်းတတ်သည်။ မေတ္တာရေးသည်ကား ကြည်နူးခဏ၊ လွမ်းရတာမကြာခဏ ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ကာကီရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ဇီးရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ မုန့်ဆီကြော် ၃ ခု ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
အင်တာဗျူးကိစ္စ၊ စာမေးပွဲကိစ္စများရှိလျှင် အဆင်ပြေမည်။ ထီ (သို့မဟုတ်) ထီနှင့် အလားတူ ငွေဝင်မည်။ စားသောက်ဖွယ်ရာများ လက်ဆောင်ရမည်။ လုပ်ငန်းသစ်များစတင်မလုပ် ဆောင်သင့်သေးပါ။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင်နှင့် ချစ်သူကြားမှာ အိုကေစိုပြေနေမည်။
အကျိုးပေးသော အရောင် ။ ။ အပြာရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ သစ်သီး ၃ မျိုးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
အလှူအတန်း ပြုရတတ်သည်။ အိမ်ဆောက်ခြင်း၊ အိမ်ပြင်ခြင်းများ ဆောင်ရွက်ရတတ်သည်။ ခရီးတစ်ခု သွားရမည်။ ကြာသပတေးသားသမီးများ၏ ကူညီမစမှု ခံရမည်။ ရွှေထည် ပစ္စည်းများ ပျောက်ရှတတ်သည်။ အရိုး၊ အကြောနှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်တွဲခွင့်ရမည့် အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ဇီးရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့်ကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ရွှေထည်ပစ္စည်းတစ်ခု ဝင်မည်။ သားသမီးရတနာ ရမည်။ ခြံမြေရောင်းချသည့်ကိစ္စ အဆင်ပြေ မည်။ သင်ကံကောင်းအဆင်ပြေသော ကာလသို့ရောက်နေပါမည်။ လုပ်ငန်းထဲ၌ စိတ်ကသိ ကအောက်ဖြစ်စရာကြုံနေရတတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား သင့်အချစ်ကို ချစ်သူက မှတ်ကျောက်တင်နေသည်ကိုသင့်မမေ့ပါနှင့်။
အကျိုးပေးသော အရောင် ။ ။ ရွှေအိုရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ နောက်အရပ်
ယတြာ ။ ။ ဂန္ဓမာအဖြူတစ်စည်း မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများ ရရှိမည်။ ငွေကြေးကတော့ မုတ်ဆိတ်ပျားစွဲမည့်ကာလဖြစ်သည်။ စက်ပစ္စည်းတစ်ခု ထွက်မည်။ နာရီဝင်မည်။ လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ မုန့်လုံးရေပေါ်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအောင်မြင်မည်။ ငွေကြေးများစွာဝင်လာမည်။ သတင်းကောင်းတစ်ခုကြားရမည်။ ယခုလအတွင်း ယာဉ်ဝယ်ခြင်းမေပြုပါနှင့်။ ချော်လဲခြင်း၊ မတော်တဆထိခိုက်ခြင်းဖြစ်တတ်သည်။ လုပ်ငန်း၌ စိတ်တိုင်းမကျဖြစ်ရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်တွဲများခိုင်မြဲမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
မသွားသင့်သော အရပ် ။ ။ ရှေ့အရပ်
ယတြာ ။ ။ ပရဟိတကျောင်းတစ်ခုသို့ ဆွမ်းဟင်းတစ်ချိုင့် ပို့ပါ။

စနေ
စက်ပစ္စည်းတစ်ခုဝင်ပြီး ပြန်ထွက်မည်။ လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ ထီ ကံစမ်းပါ။ မိတ်ဆွေများ ကွဲကွာနေသူများ ပြန်လည်ဆုံစည်းရမည်။ ကျန်းမာရေး အညံ့မရှိပါ။ အလုပ် အကိုင်နှင့် ပတ်သက်၍ ရုန်းကန်ရဦးမည်။ မေတ္တာရေးသည်ကား နေရိပ်အလာနေပူက စောင့်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ပန်းတိမ်ငိုပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ