ကိုယ်ဝန်ဆောင်၊ မသန်စွမ်း၊ ဘိုးဘွားနှင့် ပရဟိတဂေဟာများကို ကျပ်သိန်းခြောက်ထောင်ကျော်ထောက်ပံ့

0
274
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းသူများ၊ ဘိုးဘွားများ၊ ဘိုးဘွား ရိပ်သာများ၊ ပရဟိတဂေဟာများကို ကျပ် သိန်းခြောက်ထောင်ကျော် ထောက်ပံ့ပေး ခဲ့ကြောင်း တိုင်းလူမူဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

ကိုယ်ဝန်ဆောင်မိခင်(ငွေဗိုက်) တစ်ထောင်ကျော်(၁၁၂၅၇ ) ဦးအတွက် ကျပ်သိန်းသုံးထောင်ကျော်(၃၃၇၀ သိန်း ကျော်)၊ အသက် ၈၀ နှင့် ၈၅ နှစ်အကြားရှိ ဘိုးဘွား ခြောက်ထောင်ကျော်(၆၀၉၅) ဦးအတွက် သိန်းနှစ်ထောင် နီးပါး (၁၈၂၀ သိန်းကျော်) ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ယင်းအပြင် မသန်စွမ်းသူ သုံးထောင်ကျော်(၃၆၀၄) ဦးအတွက် ကျပ်သိန်းတစ် ထောင်ကျော်(၁၈၀ သိန်းကျော်)၊ ဘိုးဘွား ရိပ်သာရှိ ဘိုးဘွား ၁၀၂ ဦးအတွက် ကျပ်သိန်းသုံးဆယ်ကျော် ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာန စာရင်းအရသိ ရသည်။

အထက်ဖော်ပြပါ လူပုဂ္ဂိုလ်များကို တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

နောက်ထပ်ဘိုးဘွားရိပ်သာ သုံးခု ကို သီးသန့်ထောက်ပံ့သည်မှာ ကျပ်တစ် ဆယ့်ငါးသိန်းကျော်၊ မိဘမဲ့ကျောင်းသားများကို စာသင်ပေးနေသည့် ပရဟိတ ဂေဟာကိုးခုအတွက် ကျပ်သိန်းတစ်ရာကျော် ထောက်ပံ့ပေးခဲ့သည်။

ယင်းထောက်ပံ့ငွေများအားလုံးကို သက်ဆိုင်သူများအား ထောက်ပံ့ပေးထား ပြီးဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။

“ကိုဗစ်ကာလမှာ စီးပွားရေး အခက်အခဲတွေဖြစ်နေကြလို့ တစ်ဖက်တစ်လမ်း က စားဝတ်နေရေး အဆင်ပြေအောင်လို့ အစိုးရကနေ ထောက်ပံ့တာပေါ့နော်” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကာလအတွင်း သက် ၈၅ နှစ်အထက် ဘိုးဘွားများကို နိုင်ငံခြား အဖွဲ့တစ်ခု၏ အကူအညီအဖြင့် ထောက်ပံ့ပေးခဲ့ဖူးပြီး ယခုမှာ ဒုတိယအကြိမ်ထောက် ပံ့ခြင်းဖြစ်သည်။

ကျော်သူစိုး