ရဲဝင်ဖမ်းချိန် ရေထဲပစ်ချလိုက်သည့် အထုပ်အတွင်းမှ စိတ်ကြွဆေးပြား တစ်ရာနီးတွေ့

0
617
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ်တွင် မူးယစ်သတင်းအရ ရဲတပ်ဖွဲ့က ဝင်ဖမ်းချိန်တွင် ရေထဲပစ်ချလိုက်သည့် အထုပ်အတွင်းမှ စိတ်ကြွဆေးပြား တစ်ရာနီးပါးဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

ချန်းဖန်းကျေးရွာအုပ်စုနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာ လ ၇ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့သွားဖမ်းရာတွင် အဆိုပါ အမျိုးသားက ဘေးချင်းကပ်ရှိ အခြားနေ အိမ်သို့ ဝင်ပြေးသွားပြီး အိမ်အောက်ရှိ ရေထဲသို့ ပစ္စည်းများအား ပစ်ချခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

လုံခြုံရေးတင်းကျပ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်တွင် ခိုးဝင်မှုများ ရှိနေဟုဆို

အဆိုပါပစ်ချသည့်နေရာအားရှာဖွေရာ WY စိတ်ကြွဆေး ၈၆ ပြား တွေ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အမျိုးသားကို သက်ဆိုင်ရာ မူး/စိတ်ပုဒ်မ များဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။