ဟိန္ဒူဘုရားပွဲ မကျင်းပဖြစ်

0
440
Dawei Watch, Dawei News, Dawei News Media

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟိန္ဒူ မမဘုရားပွဲတော်ကို ကိုဗစ်ကပ်ဘေးကြောင့် ကျင်းပတော့မည်မဟုတ်ကြောင်း အဆိုပါ ဘုရားကျောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်ရှိ မမဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်နေ့တွင် စတင်ကျင်းပလေ့ရှိပြီး မိုးရာသီအကုန်တွင် ထားဝယ်မြို့ဒေသ၌ ကျင်းပလေ့ရှိသည့် ပွဲတော်များအနက် အစောဆုံးပွဲတော်လည်း ဖြစ်သည်။

ယခုနှစ်တွင်မူ ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ပျော်ပွဲရွှင်ပွဲ ပါဝင်သည့် ပွဲတော်ကိုကျင်းပတော့မည်မဟုတ်ဘဲ ဘုရားကျောင်း ဂေါပကအဖွဲ့ ဝင်များဖြင့်သာ ဝတ်ပြုဆုတောင်းတော့ မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးအောင်သန်းက ဆိုသည်။

ပွဲတော်မကျင်းပဖြစ်ခြင်းမှာ ဆယ်စုနှစ်များစွာတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့အပြင် ပွဲတော်ကာလအတွင်း ယုံကြည်သူများဆက်သသည့် ကန်တော့ပွဲကိုလည်း လက်ခံတော့မည်မဟုတ်ကြောင်း ဦးအောင်သန်းက ပြောသည်။

“ကျွန်တော်တို့က လက်မခံဘူးလို့ အားလုံးတိုင်ပင်ဆွေးနွေးထားကြ တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်လည်း ကိုဗစ်ကပ်ဘေးကြောင့် ဘုရားကျောင်းဝင်းအတွင်း အပြင်လူဝင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။