မဲရုံဝန်ထမ်းများကို မည်သည့်ပုံစံဖြင့် သင်တန်းပေးမည်ကို မသိရသေး

0
223
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်းရှိ မဲရုံဝန်ထမ်းများကို ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရန် မည်သည့်ပုံစံဖြင့် သင်တန်းပို့ချမည်ကို မသိရ သေးဖြစ်နေကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ရွေးကောက်ပွဲကျင်းပရန် တစ်လနီးပါးခန့်သာကျန်သည့် အချိန်အထိ မဲရုံဝန်ထမ်းများကို သင်တန်းပေးမည့်ကိစ္စ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။

နေပြည်တော်တွင် သင်တန်းတက် သွားရမည့် တိုင်းရွေးကောက်ပွဲကော် မရှင်မှ ဝန်ထမ်းများအနေဖြင့် အသွား၊ အပြန် နှစ်ကျော့စလုံးတွင် ကွာရန်တင်း ဝင်ရ/ မဝင်ရဆိုသည်မှာလည်း မသေချာသေးဘဲ ဖြစ်နေသည်။

အောက်တိုဘာလ ၉ ရက်တွင် နေပြည်တော်သို့ မဲလက်မှတ်သွားယူမည့် ဝန်ထမ်းများမှာမူ အပြန်တွင် ကွာရန်တင်း ဝင်စရာမလိုကြောင်း ဦးသန်းညွန့်က ပြောသည်။

နေပြည်တော်သို့ သွားရောက် မည့်သူများကိုလည်း ကိုဗစ်စစ်ဆေး ထားပြီး ရောဂါမရှိသူများကိုသာ စေလွှတ်မည်ဖြစ်သည်။ ယင်းအပြင် မဲလက်မှတ် သွားယူမည့်သူများသည် ရုံးကားဖြင့်သာ သွားမည်ဖြစ်ပြီး လမ်းတစ်လျှောက် မည်သည့်နေရာမှ မဆင်းဘဲ နေပြည်တော်သို့ တိုက်ရိုက်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မဲလက်မှတ်ယူပြီး ပြန်လာမည့်သူများသည် တိုင်းအတွင်းရှိ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်များထံသို့ မဲလက်မှတ် အချိန်မီပေးပို့ရမည်ဖြစ်သောကြောင့် ကွာရန်တင်းဝင်နေပါက အဆင်မပြေကြောင်း ၎င်းကပြောသည်။

ကျော်သူစိုး