ခရီးသည်ကားပေါ်မှ ဘီယာဖာ လေးရာကျော် ဖမ်းမိ

0
815
Dawei Watch, Dawei News, Dawei News Media

ဘုတ်ပြင်းမြို့နယ် ကိုဗစ်စစ်ဆေး ရေးဂိတ်တွင် ခရီးသည်တင်ကားပေါ်တင် လာသည့် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာဖာ လေးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ကော့သောင်းမြို့ဘက်မှ ဘုတ်ပြင်းဘက်သို့ မောင်းနှင်လာသည့် ရွှေမြိတ် အောင် ခရီးသည်တင်ကားပေါ်တွင် ခွင့် ပြုချက်မရှိဘဲ ဘီယာများတင်လာကြောင်း သတင်းအရ အောက်တိုဘာလ ၇ ရက်နေ့ က စောင့်ဆိုင်း စစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

ထိုသို့စစ်ဆေးရာ အဆိုပါကားပေါ် တွင် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာ ၄၄၀ ဖာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဘုတ်ပြင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။