ငါးပူတင်းကလီစာ စားသည့် ရေလုပ်သားတစ်ဦး သေဆုံး

0
423
Dawei Watch, Dawei News, Dawei News Media

ကျွန်းစုမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးပူတင်းကလီစာ စားသည့် ရေလုပ်သားတစ်ဦးသေဆုံးသွားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သဲလက်တံကျွန်းအရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် သဲကဏန်းပိုက်လှေမှ ရေလုပ်သားဖြစ်သည့် အသက် ၃၉ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့

ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့က သဲကဏန်းပိုက်လှေတွင် ရေလုပ်သား သုံးဦးလုပ်ကိုင်နေပြီး ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ငါးပူတင်းကို ဟင်းချက်ပြီး ရေလုပ်သားအားလုံး စားသောက်ခဲ့ကြသည်။

ထိုသို့စားသောက်ပြီးနောက် အထက်ပါ အမျိုးသားက ငါးပူတင်း ကလီစာကိုမီးကင်ပြီး ၎င်းတစ်ဦးတည်း စားသောက်ခဲ့သည်။

ယင်းသို့ ကလီစာစားပြီး ခဏအကြာတွင် အမည်းရောင်အဖတ်များ အန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေမှု သေခင်းဖွင့်ကာ ကျွန်းစုမြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။