မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ထောင်ဒဏ်တစ်လချပြီး အရေးယူ

126
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မွန်ပြည်နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် တစ်လစီ ချမှတ်ပြီး အရေးယူဆောင်ရွက် လျက်ရှိသည်ဟု သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများသည့် မော်လမြိုင်မြို့နယ်၊ ဘီးလင်းမြို့ နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ကို စက်တင် ဘာ ၂၅ ရက်နေ့မှစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

ညမထွက်ရအမိန့် ဖောက်ဖျက်သောကြောင့် မော်လမြိုင်မြို့နယ်မှ ကိုးဦး နှင့် ဘီးလင်းမြို့နယ်မှ နှစ်ဦး စုစုပေါင်း ၁၁ ဦးတို့အား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ

“အလုပ်မဲ့ ထောင်ဒဏ် တစ်လစီပေါ့” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေး မှူး ဦးဝေလင်းထွန်းက ပြောသည်။

ပြည်သူလူထုအနေနှင့် ကန့်သတ်တားမြစ်ထားသည့် အချိန်တွင် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြည်သူလူထုအနေနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်သည်ဟုလည်း သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနတို့က ပြောဆို ကြေညာထားသည်။

ညမထွက်ရအမိန့်ကို နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထုတ်ပြန်ထားပြီး အဆိုပါအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ နှစ်လဖြစ်သည်။

Dawei Watch