လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး

0
551
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တစ်သိန်တစ် သောင်းကျော်ကို တစ်ပတ်အတွင်းအပြီး အိမ်တိုင်ရာရောက် မဲစာရင်း လိုက်လံစစ်ဆေးပေးခဲ့ကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

မဲဆန္ဒရှင်စာရင်း နောက်ဆုံး ကြေညာထားသည့်အချိန် အောက်တိုဘာလ ပထမအပတ်အတွင်း မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလ ရန်ကုန်တွင်နေရန် ခက်သောကြောင့် စက်ဘီးစီးပြန်လာသူ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်းပြီး လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က ပြောသည်။

ပိုမိုတိကျသည့် မဲစာရင်းရရှိနိုင်ရန်အတွက် ယင်းကဲ့သို့ အိမ်တိုင်ရာရောက် မဲစာရင်းစစ်ပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

“အခုလို အိမ်တိုင်ရာရောက်လိုက်ကောက်၊ လိုက်စစ်ပေးရတာ ပိုပြီးတော့ တိကျတယ်။ မှားတွေတာတွေလည်း ပြန်ပြင်ရတာ ပိုပြီးတော့ အဆင်ပြေတယ်လို့ ရပ်ကျေးအဖွဲ့တွေကနေ ပြန်ပြော ကြတယ်” ဟု ၎င်းက ဆိုသည်။

နောက်ဆုံးအကြိမ်မဲစာရင်း ထုတ်ပြန်သည့်အချိန်တွင် အဆင်ပြေသည့် နည်းလမ်းဖြင့် မဲစာရင်းပိုမိုတိကျရေးကို ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ညွှန်ကြားထားသည်။

နောက်ဆုံးအကြိမ်မဲစာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ၁၄ ရက်ကြာထုတ်ပြန်ကြေညထားသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း မဲစာရင်းကို အွန်လိုင်းမှလည်း စစ်ဆေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုပ်ဆောင်ထားသည်။

ကျော်သူစိုး