ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
542
Bay-Din

၁၂- ၁၀- ၂၀၂၀ မှ ၁၈- ၁၀-၂၀၂၀ ထိ

တနင်္ဂနွေ
တယ်လီဖုန်း ဝင်မည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ မှန်းချက်နှင့် နှမ်းထွက်မကိုက်သောကာလ ဖြစ်သည်။ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းများဝင်မည်။ ငွေကြေး အဝင်နည်းနေတတ်သည်။ မိမိအိမ်ရှိ အသက်ကြီးသူလူကြီးများ ကျန်းမာရေးဂရုပြုပါ။ အတိုက်အခံကိစ္စများ မကြာမီ အဆင်ပြေမည်။ မေတ္တာရေးသည်ကား အိပ်မက်ဟာ အိပ်မက်ဖြစ်နေဦးမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ပန်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၃၊ ၄ ပါသော ဂဏန်းများ
ယတြာ ။ ။ အောင်သပြေကို မေမြို့ပန်းရော၍ ဘုရားပန်းကပ်လှူပါ။

တနင်္လာ
ငွေကြေးများစွာ ဝင်မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အလယ်အလတ် အဆင်ပြေမည်။ တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ သင်တန်းတစ်ခု တက်ရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအောင်မြင်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မဝေးရတော့ပါ။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ၁၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ်ခွပန်းကို အိမ်ဘုရား၌ မကြာခဏကပ်လှူပါ။

အင်္ဂါ
လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ မိမိအရေးတကြီးပြောဆိုစရာကိစ္စများရှိလျှင် ထိုကိစ္စ အောင်မြင်မည်။ ခရီးတစ်ခုသွားရမည်။ အစာအိမ်၊ လေရောဂါများ ဒုက္ခပေးတတ်သည်။ ဖုန်း ပျက်ခြင်း၊ ပျောက်ခြင်းများဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အစစအရာအရာ အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ဇီးရောင်၊အနီရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
လာဘ်လာဘများ ဝင်မည်။ သောကြာသားသမီးတစ်ယောက် ကူညီမစမည်။ ငွေချေးငှားခြင်း ဂရုစိုက်ပါ။ လုပ်ငန်းကတော့ ခပ်အေးအေးဖြစ်နေမည်။ မျက်စိ၊ အာရုံကြောများ အားနည်း တတ်သည်။ ပညာရပ်ဆိုင်ရာကိစ္စများ နှောင့်နေးနေတတ်သည်။ မေတ္တာရေးသည်ကား ဓာတောင်မက မီးပင်လယ်ကိုပါ ကျော်ဖြတ်နိုင်မည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဖြူရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ၁၊ ဝ ၊ ၄ ပါသော ဂဏန်းများ
ယတြာ ။ ။ ကလေးငယ်တစ်ယောက်အား မုန့်ဖိုးပေးပါ။

ကြာသပတေး
ထီ (သို့မဟုတ်) ထီနှင့်အလားတူ ငွေဝင်မည်။ ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ လုပ်ငန်း နှင့် ပတ်သက်၍ မည်သို့ကြံစည်စည် အောင်မြင်မည်။ လူငယ်များ သင်တန်းကိစ္စနှောင့်နှေးမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ဝမ်း၊ ရင် ဥပါဒ်ပေးတတ်သည်။ မေတ္တာရေးသည်ကား ရည်ရွယ်ထားသူကို ရဲရဲရင့်ရင့်သာ ချစ်ခွင့်ပန်လိုက်ပါ။
အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ သီလရှင်ကို စေတနာရှိသလောက်ငွေလှူပါ။

သောကြာ
ယခုလအတွင်း အမွေအနှစ်များ ရရှိတတ်သည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအောင်မြင်မည်။ မိမိစိတ်ကူးကြံစည်များ အောင်မြင်မည်။ အစာမှား၊ ဆေးမှားဖြစ်တတ်သည်။ ငွေကြေးများစွာ ဝင်လာမည်။ အင်တာဗျူးတစ်ခုဖြေဆိုထားပါက ထိုကိစ္စအောင်မြင်မည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာ ပြုရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၄ ပါသောဂဏန်းများ
ယတြာ ။ ။ ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းလှူပါ။

စနေ
ဖုန်း မဝယ်ပါနှင့်။ အမွေအနှစ်များ ရရှိမည်။ ကြာသပတေးသားသမီးများ ကူညီမစမှုခံရမည်။ မိမိသင်ချင်သော ပညာရပ်များ သင်ကြားခွင့်ရမည်။ မိမိအိမ်ရှိ အသက်ကြီးသူလူကြီးများ ကျန်းမာရေး ဂရုစိုက်ပါ။ အလုပ်အကိုင်နှင့် ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်ရတတ်သည်။ မေတ္တာရေးသည်ကား အချိန်အနည်းငယ် ပေးဆပ်နေရဦးမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၁၊ ၂၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ငါး ၈ ကောင်ကို မွေးနေ့၌ ဘေးမဲ့လွှတ်ပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ