ကိုဗစ်ကာလ ဝိုးတဝါးအတွေးများ

0
456

မနက်လင်းတာနဲ့ ပထမဆုံး ဖွင့်ကြည့်မိတာ လူမှုကွန်ရက်ပေါ်က ကိုဗစ် သတင်းတွေဖြစ်သလို ညဘက်အိပ်ရာ ဝင်ချိန်မှာလည်း အဲသည် သတင်းတွေကိုပဲ ဖွင့်ကြည့်ရင်း ရင်ထဲ လေးလေးလံလံ ဖြစ်ပြီးမှ အိပ်ဖြစ်ခဲ့တဲ့ ညတွေ များခဲ့ပါပြီ။

ကမ္ဘာ့ကပ်ဘေး ဖြစ်နေတဲ့ ကိုးလကျော် သက်တမ်းမှာ ကိုဗစ်ဟာ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံးအထိ ထိုးဖောက် လာနိုင်ခဲ့တယ်။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု ၊ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ တစ်ပါတည်း ခြိမ်းခြောက်နေပြီး ဝမ်းစာရေးသာမက ကိုယ့်အသက်ရှင် ရပ်တည်နေထိုင်မှု၊ ကျန်းမာရေးအတွက်ပါ ခြိမ်းခြောက်မှုတွေနဲ့ ပြဿနာတွေ ပေးလာတာ အထင်အရှားပါပဲ။ ကိုဗစ် အလွန်ကာလမှာ ကိုယ်တွေအတွက် အနာဂတ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဆိုတဲ့ အတွေးတွေအထိ တွေးမိသလို အဲသည်အတွက် အဖြေကလည်း ဝိုးတဝါးပါပဲ။

လမြးတှေ ပွောကနြကှတော ကိုယတြဈယောကတြညြးလား ဆိုတော့ မဟုတပြါဘူး။ ကိုယအြပါအဝငြ တဈကမျဘာလုံး လူမွိုးဘာသာ၊ ဆငြးရဲခမွြးသာမရှေး ကိုဗဈကှောငြ့ အကပွအြတညြးနဲ့ အခကအြခဲတှေ ရငဆြိုငကြှရ၊ လမြးတှေ ဝဝေါးနကှရေတာ အမှနပြါပဲ။

ဦးဆောငသြူတှရေဲ့ အရညအြခငွြးကို စဈတဲ့ ကိုဗဈ
နိုငငြံတကာမှာ ဦးဆောငသြူတှရေဲ့ အမှငနြဲ့ ရငဆြိုငဖြို့ ပှငဆြငထြားရှိမှုတှေ ကောငြးရငြ ကောငြးသလောကြ အထိအရှနညြးပှီး မှနမြှနြ နာလနပြှနထြူလာနိုငကြှ မှာဖှဈပမေဲ့ ဦးဆောငသြူတှေ နုံခွာရငြ နုံခွာသလောကြ နိုငငြံပါ အနာဂတတြှေ ဝဝေါးနနေိုငတြာကတော့ ကိုဗဈကပကြ နိုငငြံတှရေဲ့ ဦးဆောငသြူတှမှောရှိတဲ့ အရညအြခငွြး အစဈအမှနတြှေ ပေါလြာအောငြ အကဲစမြးနသလေိုပါပဲလို့ ဆိုခငွြ ပါတယြ။

၂၀၂၀ အစောပိုင်းကာလမှာ ပထမဆုံး တွေ့ရှိမှုလည်းဖြစ်၊ ရောဂါအသစ် အဆန်းလည်းဖြစ်ကာ ကူးစက်မှုလည်း မြန်ဆန်၊ အသေအပျောက်လည်း များခဲ့ပါတယ်။ ကိုဗစ်ရဲ့ ရှောင်တခင် အလစ်ဝင်ရောက် တိုက်ခိုက်ခံရတဲ့ ပထမလှိုင်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာသော်မှ အထိအရှ များခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့နိုင်ငံမှာ ပထမလှိုင်းဟာ မပြင်းထန်ခဲ့ပါဘူ။ အခွင့်အလမ်းအနေနဲ့ အချိန် သုံးလခန့် ပြင်ဆင်ချိန်ရခဲ့ပြီး သူများနိုင်ငံတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကနေ သင်ခန်းစာတွေ ရယူနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့တယ်။ မတ်လ ၂၃ ရက်မှာမှ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာ တွေ့ရှိခဲ့ပြီး ပထမလှိုင်းကာလ ခြောက်လမှာ ပိုးတွေ့ လူနာတွေအနက် ခြောက်ဦးပဲ သေဆုံးခဲ့သလို ပိုးတွေ့လူနာ အရေအတွက်ဟာလည်း ဂဏန်းသုံးလုံး ထက်မပိုခဲ့ပါဘူး။

ခြောက်လကျော်ကြာ စက်တင် ဘာလအတွင်း ဒုတိယလှိုင်းအဖြစ် ဝင် ရောက်လာတဲ့ တစ်ကျော့ပြန် ကိုဗစ်ရဲ့ ဆင့်ကဲ ရိုက်ခတ်ချက်ဟာ ပြင်းပါတယ်။ ထင်မှတ်မထားချိန်မှာပဲ တိတ်တဆိတ် နိုင်ငံအတွင်း ပျံ့နှံ့ကူးစက်နေခဲ့ပြီး အတော်လွန်ပါမှ သိခဲ့ကြရတဲ့ ဒုတိယလှိုင်း ရိုက်ခတ်ခံရချိန်ဟာ အချိန်တိုအတွင်း တမုဟုတ်ချင်းပဲ ပြင်းထန်လှတယ်။ အချိန်တိုအတွင်း ပိုးတွေ့လူနာတွေ ကိန်းဂဏန်းတွေ ထောင်ချီ ပြောင်းလဲလာခဲ့ပြီး သည်လမကုန်မီမှာပဲ ရောဂါပိုးကူးစက်မှု တွေ့ရှိရသူဦးရေဟာ သောင်းဂဏန်းကို ကျော်လာခဲ့ပါတယ်။ သေဆုံးသူအရေ အတွက်ဟာလည်း ဆယ်ဆမက များခဲ့ပါတယ်။

ဒုတိယလှိုင်းနဲ့ အထိနာတဲ့ မြန်မာ
သည်နေ့ ၂၈-၉-၂၀၂၀ရက်နေ့ မနက် ၈နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့ တရားဝင် သတင်းထုတ်ပြန် ကြေညာချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၁၁၆၃၁ ဦးရှိလာပြီဖြစ်ပြီး အဲသည်က ၂၅၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပထမလှိုင်းတုန်းက ပိုးတွေ့သူ ရာဂဏန်း ပြည့်ဖို့ လအတန်ကြာအချိန်ယူ ရပေမဲ့လို့ ခု ဒုတိယလှိုင်းမှာ တစ်ထောင်ပြည့်ဖို့ နှစ်ရက်ပဲ ကြာသည်အထိ ရောဂါ ပိုးတွေ့ရှိမှုက များပြားခဲ့တယ်။ အသေအပျောက်လည်း များခဲ့ပါတယ်။ အသက်အရွယ် ကြီးငယ်မရွေး အဲသည်ရောဂါနဲ့ သေဆုံးမှုတွေ အတည်ပြုလာနိုင်ခဲ့တဲ့ နောက်မှာ ကျွန်တော်တို့တွေရဲ့ စိုးရိမ်ပူပန် မှုတွေကလည်း ရေချိန်မြင့်လာခဲ့ရတယ်။

ရန်ကုန်ကျန်းမာပါစေ
သည်နေ့ အကျပ်အတည်းအတွေ့ ဆုံး နေရာကတော့ မြန်မာနိုင်ငံရဲ့ အသည်း နှလုံးလို့ဆိုရမယ့် စီးပွားရေးအချက်အချာ ကျတဲ့ မြို့တော်ရန်ကုန်ပဲဖြစ်တယ်။ ရန်ကုန် မြို့ တစ်မြို့တည်းမှာ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုတွေက ရုတ်ချည်း တက်လာပြီး အသေအပျောက်လည်း အလွန်များပြား လာခဲ့တဲ့နောက်မှာ ရန်ကုန်အတွက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာ
လက်ရှိ အကောင်အထည်ဖော်နေတဲ့ ကိုဗစ်ကာကွယ်နှိမ်နှင်းရေး နည်းဗျူဟာ ကို အလုံပိတ် နည်းဗျူဟာ (Containment Strategy) လို့ ဆိုပါတယ်။ ရောဂါပိုးတွေ့ ရှိသူကို ဆေးရုံမှာတင် ထိန်းသိမ်းပြီး လိုအပ်တဲ့ကုသမှုတွေပေးကြတယ်။ ဒါ လူနာဘက်က အပိုင်း။

နောက် လူနာနဲ့ အနီးကပ် ထိတွေ့သူ (Primary Contact) တွေကို ရှာဖွေဖော် ထုတ်ပြီး အများစုကို (Facility Quarantine Sites) တွေမှာသီးခြား ခွဲထားကာ အလွန် နည်းပါးတဲ့ ပမာဏ အချို့ကိုတော့ Home Quarantine နဲ့ သီးခြားခွဲခြားကာ ရောဂါ ပျိုးရက်ကျော်သည်အထိ စောင့်ကြည့်တယ်။

အဲသည်အထဲက အချို့ကိုတော့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် နမူနာ ရယူကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးကြတယ်။ အဲသည် မယ် အချို့ကိုလို့ ဆိုကြရတာက အားလုံးသော အနီးကပ်ထိတွေ့ကြသူ Closed Contact တွေကိုသော်မှ တစ်ပြိုင်တည်း အမြန်ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်ဖို့ရာ အခက်အခဲတွေ ရှိနေသေးလို့ပါပဲ။

နောက် သွယ်ဝိုက် ထိတွေ့ခဲ့ဖူးသူ (Secondary Contact) အများစုကိုက အဖြစ်နိုင်ဆုံး အိမ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ကြပါတယ်။ ဒါဟာ ရောဂါပိုး တွေ့ရှိလာတဲ့အခါ ဆောင်ရွက်ကြတဲ့ အနေအထားတွေပါ။

ထိန်းချုပ် ကာကွယ်ရေး နည်းဗျူဟာ
အဲသည်အတွက်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ရောဂါပိုး ကူးစက်နေနိုင်တဲ့ နိုင်ငံတွေက ပြန်လာကြသူတွေကို သီးခြား စောင့်ကြပ်ကြည့်ရှုဖို့နဲ့ ရောဂါပိုး ဒေသတွင်းကူးစက်မှု (Local Transmission) ရှိနေနိုင်တဲ့ မြို့နယ်တွေကို စောင့်ကြည်ပြီး ရောဂါကာကွယ်ထိန်း ချုပ်ဖို့အမိန့်နဲ့ အဲသည်မြို့နယ်တွေမှာ နေအိမ်တွင်းက အပြင်မထွက်ကြဖို့ရာ အခါအားလျော်စွာ ညွှန်ကြားချက်တွေ ထုတ်ပြန်တယ်။

ကိုဗစ်ရဲ့ ပထမလှိုင်းမှာ နိုင်ငံရပ်ခြားက လာကြသူတွေကိုပဲ သီးခြားစောင့်ကြည့်ပြီး ရောဂါပိုးတွေ စစ်ဆေးဖော်ထုတ်ပြီး ကုသမှုတွေ ပေးနိုင်ခဲ့သလို နိုင်ငံရပ်ခြား ခရီးသွားရာဇဝင်မရှိပါဘဲ ဒေသတွင်း ကူးစက်မှုက မရှိသလောက် နည်းပါးခဲ့တယ်။ သို့ပေမဲ့ ဒုတိယလှိုင်းမှာက Local Transmission လို့ခေါ်တဲ့ ခရီးသွား ရာဇဝင်မရှိသူ အချင်းချင်း ဒေသတွင်းမှာ ကူးစက်မှုတွေများခဲ့ပြီး အဲသည် ပြဿနာက ကြီးခဲ့တယ်။ နိုင်ငံရပ်ခြား မသွားခဲ့ဘဲ ဒေသတွင်း ကူးစက်မှုတွေက တိတ်တဆိတ် အများအပြား ရှိလာတယ်။ အဲသည်လို ကူးစက်မှု တိတိကျကျ တွေ့ကြရတဲ့ မြို့နယ်တွေကို ဒေသတွင်းကူးစက်နေတဲ့ မြို့နယ်တွေအဖြစ် သတ်မှတ်ပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ကြရပြီး အဲသည် မြို့ရွာတွေက ပြန်လာသူတိုင်းကို သီးခြားခွဲခြား စောင့်ကြည့်ရေးစခန်းတွေမှာ ထားရှိရတဲ့အတွက် အခက်အခဲတွေက ပိုလို့လာတယ်။

တရားမဝင် နိုင်ငံရပ်ခြားက ပြန်လာသူတွေက တစ်မျိုး၊ ဒေသတွင်း ကူးလူး ဆက်သွယ် သွားလာရင်း ကူးစက်နေကြတာက တစ်ဖုံနဲ့ ကူးစက်မှုဟာ အလွန်အမင်း အရှိန်အဟုန်ကောင်းလာခဲ့တယ်။ ရန်ကုန်တိုင်းအတွင်းဆိုရင် ကူးစက်မှုတွေ အလွန်အမင်းများပြားနေလို့ ကိုကိုးကျွန်း မြို့နယ်မှအပ ကျန်မြို့နယ်အားလုံး အိမ်တွင်းကနေ အပြင်မထွက်ရလို့ အမိန့်ကြေညာချက် ထုတ်ပြန်လာရတဲ့ အထိ ပါပဲ။ တစ်နိုင်ငံလုံးမှာလည်း ကယားမှအပ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ကူးစက် မှုတွေ တွေ့လာကြရပါတယ်။ နေပြည်တော်လို အုပ်ချုပ်ရေးမြို့တော်မှာသော်မှ အရာရှိကြီးအချို့ အပါအဝင် ဝန်ထမ်းတွေအများစုမှာ ရောဂါပိုးကူးစက်ခံရ တာကြောင့် အခြားမြို့နယ်တွေက ဝင်လာသမျှ အသွားအလာ ကန့်သတ်ခံကြရမယ်လို့ ထုတ်ပြန်ကြေညာချက် ထုတ်ရသည် အထိပါပဲ။

ကျန်းမာရေး ဝန်ထမ်းတွေဘက်က ရှော့ခ်ရခြင်း
ရုတ်ချည်း ထိုးထိုးထောင်ထောင်နဲ့ တက်လာတဲ့ ပိုးတွေ့သူ စာရင်းတွေ အနေအထားမှာ ပုံမှန် သွားနေတဲ့ ဗျူဟာအတိုင်း လုပ်ဆောင်ဖို့ လက်တွေ့ မြေပြင် မှာ အခက်အခဲတွေ ရင်ဆိုင်လာကြရတယ်။ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပ ဆေးရုံအပြင် ပထမလှိုင်း ကျရောက်ကတည်းက တင်ကြို ပြင်ဆင်ထားပြီး အသစ် ဖွင့်လှစ်တဲ့ ဖောင်ကြီးဆေးရုံ စတဲ့ ကိုဗစ်ရောဂါ လက်ခံကုသရေးစင်တာတွေဟာ သည်လို ထောင်ချီပြီး ရက်ဆက် တိုးလာတဲ့ ပိုးတွေ့လူနာတွေကို လက်ခံနိုင်ဖို့ မလွယ်လှပါဘူး။ အသင့်ရှိနေတဲ့ လူနာ လက်ခံကုသမှုပေးနိုင်တဲ့ အတိုင်းအတာ ထက်များစွာ ပိုနေပါတယ်။ သည့်အတွက် ကိုဗစ် ကုသရေး စင်တာတွေအဖြစ် ရိုးမစင်တာနဲ့ သုဝဏ္ဏစင်တာတွေကို ဆယ်ရက်အတွင်း အမီ အသစ်ထပ်မံဖွင့်လှစ်ပြီး ဆက်လက်လို့ ဗျူဟာအတိုင်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။

ဒါ့အပြင် ပိုးမစစ်ဆေးနိုင်ခင် သံသယ လူနာတွေ ဆေးရုံဆေးခန်းတွေမှာ စုပြုံလာသလို အဲသည့်အတွက် ပြင်ပ ဆေးခန်းက ဆရာဝန်အတော်များများဟာလည်း မဟာဗျူဟာပါ လုပ်ငန်းလမ်းညွှန်ချက်တွေရဲ့ သတ်မှတ်ချက်တွေအတိုင်း ရောဂါပိုးတွေ့သူကို ထိတွေ့ကုသပေးမိကာမျှဖြင့် မည်သို့ပင် အကာအကွယ်၀တ်စုံ ဝတ်ထားစေကာမူ အနီးကပ်ထိ တွေ့သူတွေအဖြစ် သတ်မှတ်ခံရပြီး သီးခြား ကန့်သတ်ခံကြရကာ ကွာရန်တင်း စခန်းတွေကို ရောက်ကြရပါတယ်။ အဲသလို အလုပ်အကိုင်ပျက် ကွာရန်တင်း ဝင်ကြရမှာ မလိုလားကြတဲ့အတွက် ပြင်ပဆရာဝန် အများစုကတော့ သူတို့ရဲ့ ပြင်ပဆေးပေးခန်းတွေကို ပိတ်ထားကြရ ပါတော့တယ်။

သည့်အကျိုးဆက်က အစိုးရရဲ့ ဆေးရုံတွေမှာ ထပ်မံ ဝန်ပိကြရတော့တာ ပါပဲ။ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ပြင်ပလူနာဌာနမှာတင် မိမိကိုယ်ကို စိတ်မချလို့၊ အနံ့ပျောက်လို့၊ ဖျားနာလို့ သံသယတွေနဲ့ လာရောက်ပြသသူတွေကို နာရီပေါင်းများစွာအထိ မကြည့်ပေးနိုင်သလို သံသယလူနာတွေကို ဓာတ်ခွဲစစ်ဆေးပေးမှုတွေလည်း အချိန်နဲ့တစ်ပြေးညီ မလုပ်နိုင်တော့ဘဲ ကိုယ့်အိမ်ပြန်စောင့်၊ နောက်နေ့ပြန်လာစစ်လို့ ပြန်ချိန်းကြရတဲ့ အနေအထားဖြစ်ပါတယ်။ တကယ်လို့သာ သည်သံသယ လူနာသည် ပိုးတွေ့ခဲ့လျှင် ထပ်မံထိတွေ့သူတွေပါ ကူးစက်သွားနိုင်ပြီး မလိုလားအပ်ဘဲ ရောဂါပိုးတွေ ကူးစက်ပျံ့နှံ့မှု ထပ်တိုးမယ့် သဘောပါပဲ။

နောက် ပြင်းထန်လက္ခဏာနဲ့ လူနာတွေကို ကုသမှုပေးနိုင်သော ပစ္စည်းပစ္စယနဲ့ ကျွမ်းကျင်ပညာရှင် ကျန်းမာရေး ဝန်ထမ်းအင်အား အခက်အခဲကလည်း ရှိပြန်တယ်။ အဲသည်အထိ အခက်အခဲတွေ ရှိနေတာဟာ သည်ကိုဗစ် ဒုတိယလှိုင်းရဲ့ ရိုတ်ခတ်မှုကြောင့် ဆိုနိုင်ပေမဲ့လို့ အမှန်ဆန်းစစ်ကြည့်ရင် အဲသည်မတိုင်မီ ကတည်းက ကျန်းမာရေးဝန်ထမ်းအင်အားက ရှိသင့်တဲ့ အင်အားရဲ့ ထက်ဝက် မပြည့်ပါဘူး။ အလုပ်ဝင်ကြဖို့ တရားဝင် ခေါ်ပေမဲ့လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဦးစီးဌာနအသီးသီးကို ဝင်ရောက်လာသူ နည်းပါးလို့ လွှတ်တော် မှာ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အဖြေရှာဖို့ ပြောခဲ့တာ မကြာသေးပါဘူး။

ပုံမှန်အနေအထားမှာသော်မှ အခက်အခဲနဲ့ လူအင်အား အပြည့်အဝမရှိကြတဲ့ အထဲ ကိုဗစ်ဒုတိယလှိုင်းရဲ့ ရိုက်ခတ်ခံရ လို့ ရင်ဆိုင်လာရတဲ့ သည်အနေအထားမှာ ဝန်ထမ်းတွေအဖို့ ဖိစီးမှုတွေ ရင်ဆိုင်ကြရတယ်။ ဒါတင်မက ရောဂါပိုးတွေ ကူးစက်နေနိုင်သူတွေကို နေ့တဓူဝ ကိုင်တွယ် ကုသမှုတွေပေးကြရင်း ရှေ့တန်း တိုက်စစ်မှူးတွေအနေနဲ့လည်း ရောဂါပိုး ထိတွေ့ကူးစက်မှုတွေပါ ခံကြရပါတယ်။ သည်အခြေအနေတွေကြောင့် တစ်ပါတည်းမှာ သူ့မှာရှိနေတဲ့ မိသားစု မကူးစက် စေဖို့ အရေးသာမက သူတို့နေထိုင် စားသောက်ရေးပါ အခက်အခဲတွေ ရင်ဆိုင် လာကြရတယ်။ အချို့ရပ်ရွာတွေက ကျန်းမာရေးဝန်ထမ်းတွေကို ရပ်ကွက်အတွင်း မရှိနေစေလိုကြပါဘူး။ ဒါလူမှုအခက်အခဲတွေပါ ထပ်ဖိစီးလာတာ ခံကြရတဲ့ အခြေအနေပါပဲ။

သည်ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု အကျပ်အတည်းကို ရခိုင် စစ်မျက်နှာမှာတော့ စေတနာ့ဝန်ထမ်း အနေနဲ့ ရန်ကုန်နဲ့ မန်းတို့ဘက်က ကျန်းမာရေးဝန်ထမ်းတွေထဲက ကူညီလိုသူတွေ စေလွှတ်ဖြေရှင်း နိုင်ခဲ့တယ်။ သူရဲကောင်းတွေအဖြစ် ချီးကျူးခံခဲ့ကြရတယ်။ ရန်ကုန် အကျပ်အတည်း ကြုံလာချိန်မှာလည်း အဲသလိုပဲ တိုင်းနဲ့ပြည်နယ်တွေဘက်က ဝန်ထမ်းတွေကို အလားတူ တစ်ပွဲတိုးနည်းနဲ့ပဲ စေတနာ့ဝန်ထမ်းအနေနဲ့ ခေါ်ယူ ဖြည့်ဆည်းရမယ့် အခြေအနေရှိပါတယ်။ သည်အနေအထားဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရှော့ခ်ရတဲ့ အခြေအနေလည်းဖြစ်တယ်။

ကိုဗစ်ရဲ့ ဒဏ်ရာဒဏ်ချက်ဟာ အားလုံးကိုထိခိုက်ပါတယ်။ လက်ရှိ ကျန်းမာရေးစနစ်အတွင်းက ဝန်ထမ်းအများစုဟာ ဂုဏ်သိက္ခာအတွက် ဖြစ်စေ၊ မိမိရဲ့ ဘဝရှေ့ရေးအတွက် မျှော်တွေးလို့ဖြစ်စေ ဝန်ကိုထမ်း နေကြတာဖြစ်ပေမဲ့လို့ မိမိတို့ လစာနဲ့ ရိက္ခာသည် မိမိတို့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ရပ်တည်နိုင်လောက်သော အနေအထားမရှိကြပါဘူး။

မိသားစုကဖြစ်စေ၊ မိဘ ဆွေမျိုး ဘက်ကဖြစ်စေ ထောက်မ ကူညီမှုကြောင့်သာ သည်ဝန်ထမ်းအဖြစ် ဂုဏ်ယူရပ် တည်နိုင်ကြသူက ရာနှုန်း ၆၀ ကျော်ရှိ ပါတယ်။ သည်ကိုဗစ်ရဲ့ ရိုက်ခတ်ချက်မှာ သူ့မိဘ၊ ဆွေမျိုးတွေရဲ့ စီးပွားရေးသာမက ကျန်းမာရေးကိုပါ ရိုက်ခတ်ချိန်မယ် အဲသည် ရောဂါပိုးကူးစက်မှု ပြင်းထန်နေတဲ့ဒေသကို စွန့်ပြီးထွက်ဖို့ အကျပ်အတည်းနဲ့ အခက်အခဲတွေ ရှိလာကြပါတယ်။ တိုင်းဒေသကြီးဘက်က ဘယ်အဆင့် ဦးဆောင်ပြီး အင်အားဘယ်မျှ အသင့်ပြင် ပေးရမယ်ဆိုတဲ့ အမိန့်အာဏာနဲ့ စေခိုင်းလာတဲ့ အနေအထားမှာ အချို့အတွက်တော့ အကျပ်အတည်းဖြစ်စေပါတယ်။

ပြည်သူတွေဘက်က အကျပ်အတည်း
ပြည်သူတွေအနေနဲ့ကလည်း ရောဂါ ပိုးကူးစက်ခံရနိုင်တဲ့ လူမှုစီးပွားအဆင့် အတန်းတွေသည် သာမန်ဆင်းရဲသား လက်လုပ်လက်စားတွေဖြစ်ပြီး တစ်နေ့ တာ ဝမ်းစာရေး တစ်နေ့ ဖြေရှင်းဖို့ ရုန်းကန် နေကြရသူတွေ ဖြစ်တဲ့အားလျော်စွာ ကိုယ့်ကိုယ်ကို ကာကွယ်ကြပါ၊ အိမ် မှာနေကြပါ ဆိုပေမဲ့လို့ အများစုမှာ မနေ နိုင်ကြပါဘူး။ သည့်အတွက်လည်း အလုပ်ခွင်ကို မဖြစ်မနေသွားကြရ၊ ကူးစက်ခံ ကြရ၊ အသွားအလာ ကန့်သတ်ခံကြရပြန် ပါတယ်။ အဲသည်အတွက် အသွားအလာ ကန့်သတ်တဲ့ Facility Quarantine Center တွေမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်ကြပြန်ပါတယ်။

သည်လို လက်လုပ်လက်စား ဆင်းရဲသားတွေအဖို့ ကိုယ့်စရိတ်နဲ့ကိုယ်သာ အဲသည် ကွာရန်တင်းစင်တာတွေမှာ ထားကြရစတမ်း ဆိုပါလျှင် အသေသာ ခံကြမယ့် သူတွေက အများသားလို့ ဆိုကြရပါမယ်။ သည့်အတွက် သူတို့ စားရေး၊ နေထိုင်ရေးတွေအတွက်ပါ ကွာရန်တင်း စင်တာတွေမှာ အကျပ်ရိုက် ကြရပါတယ်။

ဒုတိယ လှိုင်းမှာ ပိုးတွေ့လူနာ တစ်နေ့ ထောင်ဂဏန်း နီးနီး ရှိလာချိန်မှာ ပဏာမ ထိတွေ့သူ (Primary Contact) က အနည်းဆုံး သုံးထောင်ကျော် ရှိမှာဖြစ်ပြီး သည့်အတွက် ကွာရန်တင်းဝင်ကြမယ့် ပြည်သူတွေနဲ့ ကွာရန်တင်းစခန်း စောင့်ကြပ်ရမယ့် ပြည်သူတွေ အချင်းချင်း အကျပ်ရိုက်ကြရပြန်ပါတယ်။ ဒါ့အပြင် အိမ်မှာ အကန့်အသတ်ခံထားကြရသူတွေရဲ့ ဒုက္ခနဲ့ သောက၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။

ဒါတွေဟာ အဲသည် ရောဂါကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကိုမျှသာ ဆိုခဲ့တာဖြစ်ပြီး သည်လူတွေရဲ့ နေ့တဓူဝ နေထိုင်မှုအတွက် ရပ်တည်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ ဝမ်းစာရေး၊ စီးပွားရေး ပြဿနာတွေ ထည့်မတွက်ရ သေးပါဘူး။ ဒါ ပြည်သူတွေဘက်က ယေဘုယျ အခက်အခဲတွေမျှသာပဲ ရှိပါသေးတယ်။

အမိန့်နဲ့ ညွှန်ကြားချက်တွေ၊ အချိတ်အဆက်မမိမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုတွေကြောင့် ဖြစ်လာကြတဲ့ ပြဿနာတွေနဲ့ အကျပ်အတည်းတွေဟာလည်း အပုံအပင်ပါပဲ။ နေ့စဉ် လူမှုကွန်ရက်တွေမှာ မတွေ့ချင်မှအဆုံးရယ်ပါ။

ဗျူဟာကို သုံးသပ်ခြင်း
သည်နေရာမယ် ပညာရှင်တွေအဖို့ ပိတ်ပြီး ရင်ဆိုင်မလား၊ ဖွင့်ပြီး ရင်ဆိုင်ကြ မလားဆိုတဲ့ အတွေးနှစ်ရပ် ရှိနေပါတယ်။

လက်ရှိ ဗျူဟာအတိုင်း ပိတ်ပြီး Containment အတိုင်း ခရီးဆက်ရင် ဆိုခဲ့သလို အခက်အခဲတွေ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေမှာ ဝန်တွေပိသလို ပြည်သူအတော် များများမှာလည်း စိုးရိမ်သောက ကိုယ်စီနဲ့ ရင်ဆိုင်နေကြတုန်းပါပဲ။

ရောဂါပိုးကို စစ်လို့တွေ့မှသာ တောက်လျှောက် ပြန်လိုက်ပြီး ရင်းမြစ်ကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းရင်း ကျွန်တော်တို့တွေ အခက်အခဲနဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေကြရတာငြင်းမရပါဘူး။

အခြားတစ်ဖက်မှာ မထင်မရှား ပိုးသယ်ဆောင်သူ Silent Carrier တွေက သယ်ယူဖြန့်ဖြူးရင်း အိမ်မှာ တိုးတိုးတိတ်တိတ် ကြိတ်ကုရင်း သေခါမှ ဆေးရုံ ရောက်လာသူတွေရဲ့ အရေအတွက်ကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ ပိုးတွေ့ သေသူတစ်ယောက်ကနေ ထိတွေ့သူ၊ ကူးစက်သူ ဘယ်မျှအထိ ကျွန်တော်တို့နဲ့ လက်လှမ်းမမီ ရှိနေကြမယ်ဆိုတာမျိုး တွေးမိရင် ရင်မောစရာ အတိပါ။

တစ်ဖက်က ကိုယ့်အင်အားနဲ့ ချိန်ထိုးပါလျှင် သည်ဗျူဟာအတွက် လုံလောက်သော ရင်းမြစ်မရှိသည့်ပြင် သေဆုံးရောက်ရှိ ပိုးတွေ့သူတွေ များပြားလာခြင်းကလည်း ပြည်သူလူထုအတွင်း အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေ ပျံ့နှံ့နေ ပြီး ဖြစ်နေနိုင်တာ အထင်အရှားပဲဖြစ်လေတော့သည် Containment Strategy နဲ့ ရောဂါကို မထိန်းချုပ်နိုင်ခင်မှာ မရှိမဲ့ ရှိမဲ့ ရှားပါးလှတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ပြိုမလဲကျဖို့တော့ လိုအပ်လှတာ အမှန်ပဲဖြစ်တယ်။

ဖွင့်ပြီးတိုက်ရင် ဘာတွေ ဖြစ်လာမလဲ
ပိုးတွေ့လူနာတိုင်းကို မလွဲမသွေ ဆေးရုံ တင်မနေပါဘဲ လိုအပ်မှ ဆေးရုံတင်ဖို့ ထားကြရင် ဘယ်သို့ရှိမလဲဆိုတဲ့ အခြားနည်းလမ်းတွေတွေးကြပါတယ်။

လတ်တလော ပိုးတွေ့ပြီး ဆေးရုံတင် ကုသမှု ပေးထားကြရတဲ့ အထဲက သေဆုံးကြရသူတွေ အချို့ဟာ အချိန်ပိုင်းအတွင်း သွေးအတွင်း အောက်ဆီဂျင် အဆင့်တွေ လျော့ကျကာ ရုတ်ချည်း ရောဂါလက္ခဏာတွေ ဆိုးရွားလာပြီး အသက် ဆုံးရှုံးကြတာတွေ ဖြစ်တယ်။ အဲသလို ဖြစ်လာရင် နိမ့်ကျတဲ့ ပညာရည်နဲ့ လူမှု အဆင့်အတန်း၊ အသိပညာရေချိန်ကြောင့် ကတစ်ကြောင်း၊ မဖွံ့ဖြိုးသေးတဲ့ ကိုယ့် တိုင်းပြည်ရဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု စနစ်က သည်လို အခြေ အနေတွေမှာ အလျင်အမြန် အချိန်မီ ဆေးရုံဆေးခန်းတွေကိုအရောက် အရေး ပေါ် ပိုးတွေ့လူနာကို သယ်ယူ လွှဲပို့နိုင်မှာ မဟုတ်လို့ လစ်ဟာမှုတွေ ပိုကြီးလာနိုင်တယ်။ အဆုံးအရှုံး သည့်ထက်ပိုလာနိုင်တယ်လို့ သုံးသပ်ပြီး အပိတ်နည်းဗျူဟာ ကို လက်မလွှတ်ကြတာဖြစ်တယ်။

ဆိုးကျိုးနဲ့ကောင်းကျိုး ချင့်ချိန်ရင်း ဗျူဟာကိုသုံးသပ်ကြရမယ့် သည်ကိုဗစ်နဲ့ ရေရှည်စစ်ပွဲမှာ ပေါ်လစီကို ချမှတ်ကြရမယ့် သူတွေရဲ့ လက်ထဲမှာပဲ အရာရာ တည်ပါတယ်။

လက်ရှိအခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ရှိနေတဲ့ ရင်းမြစ်တွေ အကုန် စုစည်းအသုံးချနိုင်တဲ့ အရည်အသွေးမျိုးနဲ့ ဦးဆောင်မှုပေးနိုင်ပါမှ အထိအခိုက် သက်သာမှာ ဖြစ်တယ်။ ရှိနေတဲ့ ရင်းမြစ်ဆိုရာမှာ ကျန်းမာရေး ဘက်မှာ ပြင်ပဆရာဝန်တွေ၊ ပညာရှင်တွေ၊ ပြင်ပဆေးရုံတွေသာမက တပ်ဘက် က အသင့် ရှိနေတဲ့ ဆေးပညာရှင်တွေကိုပါ စုစည်းဦးဆောင်နိုင်ဖို့ ဆိုလိုပါတယ်။ ဦးဆောင်သူရဲ့ အရည်အချင်းကို ကိုဗစ်က မေးခွန်းထုတ်နေသလိုရယ်ပါ။

လက်ရှိ အနေအထားအရတော့ ကျွန်တော်တို့အဖို့ တစ်ကိုယ်ရေ ကာကွယ်မှု ပြုလုပ်ရင်း မိမိတို့ကိုယ်ကိုယ် ကာကွယ်၊ မိမိမိသားစုနဲ့ ရပ်ရွာကို ကာကွယ်ဖို့မှတစ်ပါး ကိုဗစ်ကို အပြတ်တိုက်ခိုက်နှိမ်နှင်းနိုင်ဖို့ မမြင်ရ သေးတဲ့အတွက် ကမ္ဘာမြေပေါ်က ရုတ်ချည်း ပျောက်ကွယ်မသွားမဲ့ ကိုဗစ်နဲ့အတူ လူနေမှုစနစ် ပုံစံသစ်နဲ့ သတိကြီးစွာယှဉ်တွဲ နေထိုင်ဖို့ မှလွဲပြီး အခြားနည်း မမြင်ရကြောင်း ဆိုပါရစေလား။

ကိုရိုးဆေး