ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
566
Bay-Din

၅ – ၁၀- ၂၀၂၀ မှ ၁၁- ၁၀- ၂၀၂၀ ထိ

တနင်္ဂနွေ
ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ စက်ပစ္စည်းတစ်ခု ဝင်မည်။ သင့်အခက်အခဲကို မိတ်ဆွေတစ်ယောက်က ကူညီမစမည်။ ကျန်းမာရေးဂရုစိုက်ရမည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စများ ခပ်အေးအေးဖြစ်နေမည်။ မေတ္တာရေးသည်ကား အိပ်မက်ဆိုးများမက်နေသော ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ ။ ။ မှို၊ ဝက်သား
ယတြာ ။ ။ ပန်းတိမ်ငိုပန်းကိုမွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

တနင်္လာ
မြေဝင်မည်။ အိပ်မက်ကောင်းများ မက်မည်။ ယခုလအတွင်း ကား လဲလှယ်ခြင်းမပြုပါနှင့်။ ငွေကြေးများစွာ ဝင်လာမည်။ မတော်တဆထိခိုက်မှု ကြုံရတတ်သည်။ သူများပြဿနာက ကိုယ့်ပြဿနာဖြစ်တတ်သည်။ အလုပ်ထဲ၌ စိတ်ပင်ပန်းစရာ ကိစ္စရပ်များကြုံရတတ်သည်။ မေတ္တာရေးသည်ကား သင်ယခုတွေ့နေသူနှင့် အဆင်ပြေသွားမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
မစားသင့်သော အစားအစာ ။ ။ အုန်းသီး၊ အသုပ်စုံ
ယတြာ ။ ။ ပရဟိတကျောင်းတစ်ခုကို ဆန်၊ ဆီ လှူပါ။

အင်္ဂါ
အိမ်ပြုပြင်ခြင်း၊ အိမ်ဆောက်ခြင်း ပြုရတတ်သည်။ အလှူအတန်း ပြုရတတ်သည်။ ခရီး တစ်ခု သွားရတတ်သည်။ ပညာရပ်တစ်ခုခု သင်ကြားရတတ်သည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေကတော့ မမြဲပဲဖြစ်နေတတ်သည်။ ဒူးနာ၊ ခါးနာဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ခဏတာပင်ပန်းရပေမဲ့ တစ်သက်တာစိတ်အေးရပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ဇီးရောင်၊ မိုးပြာရောင်
မစားသင့်သော အစားအစာ ။ ။ အသုပ်စုံ၊ ဇီးဖျော်ရည်
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ရွှေထည်ပစ္စည်း ဝင်မည်။ ခရီးတစ်ခု သွားရမည်။ သားသမီးရတနာ ရမည်။ သို့သော် ယခု လ၌ မည်သည့်စက်ပစ္စည်းမှ မဝယ်သင့်ပါ။ ခြံ၊ မြေ ရောင်းမည့် ကိစ္စများအဆင်ပြေမည်။ လုပ်ငန်းထဲ၌ စိတ်ပင်ပန်းရတတ်သည်။ မိမိအိမ်ရှိ သက်ကြီးသူလူကြီးများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား နှလုံးသားမှာ ပြုံးပန်းတစ်ရာဝေရပါမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ ။ ။ သ‌င်္ဘောသီး၊ ဝက်သား
ယတြာ ။ ။-ပူတင်းမုန့် မွေးနေ့၌ ဘုရားပန်းသက်စေ့လှူပါ။

ကြာသပတေး
ကား ဝင်မည်။ မင်္ဂလာသတင်း ကြားရမည်။ ပညာရေးနှင့် ဆိုင်သော သင်တန်းများအဆင်မပြေ ဖြစ်တတ်သည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြောရတတ်သည်။ လုပ်ငန်းများ အဆင်ပြေ လာမည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အထီးကျန်ဘဝမှ လွတ်မြောက်ပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ ဥအမျိုးမျိုး၊ အုန်းသီး
ယတြာ ။ ။ သစ္စာပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
မြေ ဝင်မည်။ အမျိုးသမီးတစ်ဦးက သင့်ကို ကူညီမစမည်။ နတ်ကောင်းနတ်မြတ်များ မစ မည်။ လူချစ်လူခင် ပေါများမည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း တယ်လီဖုန်းမဝယ် သင့်ပါ။ လုပ်ငန်းများစတင်ရန် အချိန်မကျသေးပါ။ ကျန်းမာရေးနှင့် ပတ်သက်၍ သွေးတိုး၊ ဆီးချို သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ သံယောဇဉ်ကြိုးများ ခိုင်မြဲမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ခဲရောင်
မစားသင့်သော အစားအစာ ။ ။ အမဲသား၊ ဒံပေါက်
ယတြာ ။ ။ ဆီထမင်းနှင့်စားတော်ပဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
လူမျိုးကွဲတို့ ကူညီမစမည်။ နာရီ ဝင်မည်။ မြေ ဝင်မည်။ ယခုလအတွင်း ရွှေမဝယ်သင့်သေးပါ။ အလုပ်အကိုင်နှင့် ပတ်သက်၍ ရုန်းကန်ရင်းအဆင်ပြေမည်။ လည်ချောင်း၊ အဆုတ်နှင့် ပတ်သက်၍ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ချစ်လျက်နဲ့ မနီး စပ်နိုင်သေးသောကာလ ဖြစ်နေမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ပန်းဆီရောင်
မစားသင့်သော အစားအစာ ။ ။ ဆီကြော်မုန့်၊ အသုပ်စုံ
ယတြာ ။ ။ ရွှေရင်အေးမုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ