တိုင်းအတွင်း ခင်းမည့်လမ်းများအတွက် ကတ္တရာ တင်ဒါခေါ်ရန်စီစဉ်

0
279

လာမည့်ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်း အသုံးပြုမည့် လမ်းခင်း ကတ္တရာများ ဝယ်ရန်အတွက် တင်ဒါ ခေါ်ယူရန်ပြင်ဆင်နေကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်း AC (နိုင်လွန်ကတ္တရာ) လမ်း ၂၄ မိုင်ကျော် ခင်းရန်နှင့် ရိုးရိုး ကတ္တလမ်းချဲ့ရန်၊ ထပ်ပိုးလွှာခင်းရန်တို့အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။

သို့သော် မည်မျှပမာဏဝယ်ယူမည် ဆိုသည်ကိုမူ မသိရသေးပေ။ ဝယ်ယူမည့် ကတ္တရာပမာဏကို ခရိုင်အလိုက်တွက်ချက်တောင်းခံထားဆဲဖြစ်ပြီး တင်ဒါလျှောက်လွှာမရောင်းမီ ဝယ်ယူမည့်ပမာဏကို သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းသား ငါးထောင်ကျော် နိုင်ငံပြင်ပ ကြိုတင်မဲပေးမည်

ကတ္တရာဝယ်မည့် တင်ဒါလျှောက်လွှာကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ၂၀ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။

“အဲဒီအချိန်မတိုင်ခင်တော့ ကျွန်တော်တို့စုစည်းပြီး အခုအချိန်ကတော့ တွက်နေကြတုန်းပဲလေ” ဟု ဦးသက်ဇော်ဝင်းက ပြောသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အီရန်နိုင်ငံထုတ် ကတ္တရာတန်ချိန်က ၅၃၀ဝ ကျော်ဝယ်ယူခဲ့ကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။ ကတ္တရာ တစ်တန်လျှင် ငါးပီပါခွဲခန့် ရှိသည်။

ယမန်နှစ်စာရင်းအရ တနင်္သာရီတိုင်းအတွင်း လမ်းဦးစီးဌာနပိုင် AC လမ်းအရှည် ၁၄၅ မိုင်ခန့်၊ ရိုးရိုးကတ္တရာလမ်း ၆၃၅ မိုင်ကို ခင်းထားပြီးဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

Dawei Watch