ကလေးငယ် ဘဝအစ ရက်ပေါင်းတစ်ထောင်က ဘာကြောင့် အရေးကြီးတာလဲ

0
515

ကိုယ်ဝန်ပဋိသန္ဓေတည်ချိန်ကနေ လေးအသက် ၂ နှစ်အထိကာလကို “ဘဝအစ ရက်ပေါင်းတစ်ထောင်” ဟုခေါ် သည်။

ရက်တစ်ထောင်ကာလအတွင်း ကလေးဦးနှောက်သည် ၈၀ ရာခိုင်နှုန်း ဖွံ့ဖြိုးတာကြောင့် ဤကာလအတွင်း အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ပါက ကလေးဟာ စံမီ ကြီးထွားဖွံ့ဖြိုးပြီး၊ ဥာဏ်ရည်မြင့်မားမှာ ဖြစ်ပါတယ်။

ရက်တစ်ထောင်ကာအတွင်း အာဟာရပြည့်ဝအောင်-
၁) ကိုယ်ဝန်ဆောင်စဉ် အစာမျိုးစုံကို ပိုစားပေးရပါမယ်။ နို့တိုက်မိခင်ဟာ ကိုယ်ဝန်ဆောင်စဉ်ကထက် ပိုစားပေး ရပါမယ်။
၂) ကျန်းမာရေးဝန်ထမ်းကပေးတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါဝင်တဲ့ ဆေးများကို ညွှန်ကြားတဲ့အတိုင်း ပုံမှန် သောက်ပေးရပါမယ်။
၃) မွေးပြီးတစ်နာရီအတွင်း စောနိုင်သမျှ စောစော မိခင်နို့(နို့ဦးရည်) စတိုက်ပေးရပါမယ်။
၄) ကလေးအသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ရပါမယ်။
၅) အသက် ၆ လပြည့်မှစပြီး သန့် ရှင်းပြီး အာဟာရပြည့်ဝသော ဖြည့်စွက်စာကို စကျွေးကာ မိခင်နို့ကို အသက် ၂ နှစ်အထိ ဆက်တိုက်ပေးရပါမယ်။

ဒါကြောင့် ကလေးငယ်ရဲ့ ဘဝအစ ပထမရက်ပေါင်းတစ်ထောင်ဟာ အလွန်အရေးပါတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။

Dawei Watch