ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ မရွေးရသေး

0
496
Dawei Watch, Dawei News, Dawei News Media

နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရပ်/ကျေး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း မရွေးချယ်ရသေးကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

လတ်တလောတွင် မဲရုံစာရင်းကို ပြင်ဆင်နေဆဲသာရှိသေးသဖြင့် မဲရုံဝန်ထမ်းရွေးချယ်ခြင်း၊ သင်တန်းပေးခြင်း ကိစ္စများကို မဆောင်ရွက်သေးကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။

စည်းကြပ်မှုလွတ်ကင်းငွေများ အခွန်ပေးသွင်းခြင်းကို ဒီဇင်ဘာလကုန်အထိ ခွင့်ပြု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပို့ချသည့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို တိုင်းရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများက တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ မဲရုံဝန်ထမ်းအား ဆင့်ပွားသင်တန်း ထပ်မံပို့ချရမည်ဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှလည်း သင်တန်းတက်ရန် အကြောင်းမကြားသေးကြောင်း ဦးသန်းညွန့်က ပြောသည်။

“မဲရုံဝန်ထမ်းကတော့ ကျောင်း ဆရာ၊ ဆရာမတွေကိုရွေးပြီးခန့်ထားပြီးမှ သင်တန်းပေးရတာတွေရှိတာလေ။ အခုက အဲဒီအဆင့်ကိုမရောက်သေးဘူး” ဟု ၎င်းက ဆိုသည်။

ပညာရေးဌာန ဒုတိယညွန်ကြားရေး မှူးတစ်ဦးကမူ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများစာရင်းကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများအား ပြုစုခိုင်းထားပြီးဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် မဲရုံတာဝန်ကျသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း တာဝန်ကျသည့်နေရာတွင် ကြိုတင်လာရောက် နေထိုင်ကြရန် ညွန်ကြားထားသည်။

မဲရုံတစ်ရုံတွင် အနည်းဆုံး မဲရုံဝန်ထမ်း ဆယ်ဦးရှိမည်ဖြစ်သည်။

တိုင်းအတွင်း မဲရုံပေါင်း တစ်ထောင်ကျော် (၁၁၂၁) ထားရှိရန် ကနဦးလျာထား သော်လည်း ကိုဗစ်အခြေအနေအရ မဲရုံများ ထပ်တိုးဖွယ်ရှိနေသည်။

ကျော်သူစိုး