ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
592
Bay-Din

၂၁ – ၉ – ၂၀၂၀ မှ ၂၇ – ၉ -၂၀၂၀ ထိ

တနင်္ဂနွေ
မိမိရည်ရွယ်ထားသော ကိစ္စများအဆင်ပြေမည်။ ထီ (သို့) ထီနှင့် အလားတူငွေဝင်မည်။ လုပ်ငန်းများအဆင်ပြေလာမည်။ ဘာသာရေးကိစ္စများ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအောင်မြင် မည်။ မမျှော်လင့်သော ပြဿနာတစ်ခုကြုံနိုင်သော်လည်း မကြာမီအဆင်ပြေသွားမည်။ အစာမှား ဆေးမှားဖြစ်တတ်သည်မို့ အထူးသတိထားပါ။ မေတ္တာရေးသည်ကား ကောင်းကင်ပေါ်က ကြယ်ကိုပင် ဆွတ်ခူးနိုင်မည့် ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ကာကီရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
မသွားသင့်သော အရပ်။ ။ နောက်အရပ်
ယတြာ ။ ။ ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ
မြေ ဝင်မည်။ သင်တန်းတက်မည့် ကိစ္စများအဆင်ပြေမည်။ ဆွေမျိုးသားချင်းများ ကူညီမစမှု ခံရမည်။ ယခုလအတွင်း ဆိုင်ကယ်၊ ယာဉ်များ ပျောက်ရှပျက်စီးတတ်သည်။ စပ်တူရှယ်ရာများ ၌ အခက်အခဲဖြစ်တတ်သည်။ ကျန်းမာရေးမကောင်းသူများ ကျန်းမာရေး အဆင်ပြေလာမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ချိုမြိန်သောနေ့ရက်များ ဖြတ်သန်းရမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – ရှေ့အရပ်
ယတြာ ။ ။ သီလရှင်တစ်ပါးကို ငွေလှူဒါန်းပါ။

အင်္ဂါ
သင်လုပ်ချင်သောလုပ်ငန်းများ ယခုအချိန်ဆောင်ရွက်က အဆင်ပြေမည်။ နာရီတစ်လုံး ဝင်မည်။ မိတ်ဆွေကောင်းများ၏ ကူညီမစမှုခံရမည်။ ဖုန်းမဝယ်ပါနှင့်။ ငွေကြေးနှင့် ပတ်သက်၍ အထွက်များနေတတ်သည်။ ပညာရေးယခုကာလ၌ အခက်အခဲဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိဆန္ဒများကွဲလွဲနေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ကာကီရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ မုန့်ကုလားမဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
အလှူအတန်း ပြုရတတ်သည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ အတိုက်အခံပြောဆို ရမည့်ကိစ္စများ အောင်မြင်မည်။ မြေ ဝင်မည်။ ယာဉ်ရောင်းချမည့် ကိစ္စများအောင်မြင်မည်။ လုပ်ငန်းများအဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား တစ်ဦးနှင့် တစ်ဦးကြားမှာ အပြန်အလှန်စာနာနားလည်မှု ပေးလိုက်ပါ။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ငှက်ပျောသီးကို အခွံနွာပီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ပညာရေးကိစ္စ၊ သင်တန်းကိစ္စများ ပြေလည်သွားမည်။ အမွေအနှစ်ရရှိတတ်သော ကာလဖြစ် သည်။ လူမျိုးကွဲတို့ ကူညီမစမည်။ မိမိအိမ်ရှိ မောင်နှမသားချင်းနှင့် ပတ်သက်၍ စိတ်ပင် ပန်းရတတ်သည်။ လုပ်ငန်း၌ စိတ်ဘဝင်မကျ ဖြစ်နေတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ခဏတာဝေးနေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ ။ ။ ဂန္ဓမာပန်းတစ်စည်း မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
လုပ်ငန်းများအောင်မြင် အဆင်ပြေမည်။ မိတ်ဆွေကောင်းများ ကူညီမစမှုခံရမည်။ သင် ရောင်းလိုသော ယာဉ်များ အရောင်းထွက်မည်။ ယခုလအတွင်း မြေမဝယ်သင့်ပါ။ ပညာရေး ကိစ္စ၊ သင်တန်းကိစ္စများ၌ အခက်အခဲကြုံမည်။ ခြေထောက်နှင့် ပတ်သက်၍ ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား နေရိပ်အလာ နေပူကစောင့်ရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ခဲပုပ်ရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ သစ်ခွပန်းမွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ
လာဘ်လာဘများ ရရှိမည်။ ရွှေထည်ပစ္စည်းများ ဝင်မည်။ ငွေချေးငှားခြင်း သတိထားပါ။ အဓိဋ္ဌာန်ပြုက အကျိုးပေးတတ်သော ကာလဖြစ်သည်။ လုပ်ငန်း၌ ဘဝင်မကျဖြစ်ရတတ်သည်။ ကျန်းမာရေးဂရုပြုရမည်။ မေတ္တာရေးသည်ကား မျှော်တော်ယောင်ဘဝက မကျွတ်လွတ်သေး ပါ။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ခရမ်းရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ နှင်းဆီပန်း ၇ ပွင့် မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ