မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

0
336

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်
ရုပ်မြင်သံကြားမှာထုတ်လွှင့်မယ့် မိန့်ခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တဲ့အပေါ် ထားဝယ်တိုင်းရင်းသားများပါတီက ဝေဖန်ပြောဆိုလိုက်ပါတယ်။

လျှပ်စစ်ဈေးနှုန်းတန်းတူရရှိရေးနဲ့ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်အချက်အပါအဝင် မိန့်ခွန်းပါအချက်ကို UEC က ဆင်ဆာဖြတ်ခဲ့တာပါ။

ဒီလိုဆင်ဆာဖြတ်ခဲ့တာက လွတ်လပ်ပြီးတရားမျှစွာ လုပ်ဆောင်မယ်ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင် ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ဘယ်လိုဝေဖန်လိုက်တယ်ဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။