ကျောင်းမြေ မကျူးကျော်ရ ဆိုင်းဘုတ်အား ဖျက်ပေးရန် တိုင်းဝန်ကြီးချုပ်ထံ ဆက်တင်မည်

0
230
Dawei Watch, Dawei News, Dawei News Media

အငြင်းပွားမြေနေရာပေါ်တွင် စိုက်ထူထားသည့် စာသင်ကျောင်းမြေမကျူးကျော်ရ ဆိုင်းဘုတ်အား ပယ်ဖျက်ဟန့်တား ပေးရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးအရဖွဲ့ ဝန်ကြီးချုပ်ထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း မြေပိုင်ရှင်ဆိုသူ ဒေါ်တင်မာစိုးထံမှ သိရသည်။

၎င်းတို့ အခွန်ထမ်းဆောင်နေသည့် မြေပေါ်တွင် ကျောင်းမြေ မကျူးကျော်ရ ဆိုင်းဘုတ်နှင့် ခြံစည်းရိုးကာရံမှုအား ဟန့်တားပေးပါရန် ပြီးခဲ့သည့် သြဂုတ် လ ၂၄ ရက်နေ့က လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်ထံ တင်ပြခဲ့ရာ တစ်စုံတစ်ရာ ထူးခြားမှုမရှိသည့်အတွက် ဝန်ကြီးချုပ်ထံရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

သုံးနှစ်ကျော်မှရသည့် ကြက်ငှက်တုပ်ကွေး ထောက်ပံ့ငွေ၊ ကိုဗစ်ကြောင့်သာ ရရှိခဲ့ဟုဆို

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ဘန်လောကျေးရွာရှိ ကွင်းအမှတ် ၄၄၉ ၊ ကွင်းအမည် ဘန်လင်၊ ဦးပိုင်အမှတ် ၁၃၆၊ မြေဧရိယာ ၉ ဒသမ ၆၄ ဧကအနက် မြေ ၈ ဒသမ ၆၉ ဧကမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ရရှိထားပြီးဖြစ်ကြောင်း ဒေါ်တင်မာစိုး က ပြောပြသည်။

ကျန်ရှိနေသည့် မြေ ဝ ဒသမ ၉၅ ဧကမှာ စာသင်ကျောင်းဟောင်းမြေနေရာဟုဆိုကာ ကျောင်းကော်မတီဝင်တို့က ကျောင်းမြေမကျူးကျော်ရ ဆိုင်းဘုတ်နှင့် ခြံစည်းရိုးကာရံခြင်းတို့ကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောပြသည်။

ယင်းကဲ့သို့ ကော်မတီက ကျောင်းမြေမကျူးကျော်ရဆိုင်းဘုတ်နှင့် ခြံစည်း ရိုးကာရံထားခြင်းကို ဟန့်တားပေးရန် အုပ်ချုပ်ရေးဘက်နှင့် သက်ဆိုင်ရာဌာတို့ အား တင်ပြခဲ့ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ဇူလိုင်လ ၂၃ ရက်နေ့က မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ Southerner TV News ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယင်းမှာ အစိုးရဌာနပိုင်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်းကို ၁၉၉၂ ခုနှစ်ဝန်းကျင်ခန့်က ရပ်ကျေးအုပ်စု စာရေးအဖြစ်လုပ်ကိုင်ဖူးသူ ဘန်လောရွာနေ ဦးကြံအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Dawei Watch