သုံးနှစ်ကျော်မှရသည့် ကြက်ငှက်တုပ်ကွေး ထောက်ပံ့ငွေ၊ ကိုဗစ်ကြောင့်သာ ရရှိခဲ့ဟုဆို

0
328
Dawei Watch, Dawei News, Dawei News Media

လွန်ခဲ့သည့် သုံးနှစ်ကျော်က ထားဝယ် တွင်ဖြစ်ပွားခဲ့သည့် အပြင်းစားကြက် ငှက်တုပ်ကွေးရောဂါ (H5N1) ကြောင့် သုတ်သင်ခဲ့ရသည့် ကြက်များအတွက် ထောက်ပံ့ကြေးငွေ သိန်းတစ်ထောင်ကျော် (၁၄၂၅ သိန်း) ရရှိခဲ့ကြောင်း တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။

ယင်းထောက်ပံ့ကြေးငွေများကို ကြက်ငှက်တုပ်ကွေးကြောင့် ဖြစ်ပွားချိန်ကတည်းက တရားဝင်း သတင်းပို့ထားသူ ကြက်ခြံပိုင်ရှင် ၁၈ ဦးအား စက်တင်ဘာလအတွင်း ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဒေါက်တာခင်ဥမ္မာလွင်က ပြောသည်။

ဆိုင်များ နှာခေါင်းစည်းမတပ်ဘဲ ရောင်းချပါက ရောင်းခွင့်တစ်လ ပိတ်သိမ်းသည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည်

သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခြင်းမရှိဘဲ တိပ်တဆိတ် သုတ်သင်လိုက်သည့် ကြက်များအတွက်မူ ထောက်ပံ့ကြေးရမည် မဟုတ်ပေ။

တိုင်းအစိုးရသည် ကြက်ငှက်တုပ် ကွေးထောက်ပံ့ငွေအတွက် နိုင်ငံတော်သမ္မတအထူးရန်ပုံငွေမှရရှိရန် နှစ်ကြိမ် ထက်မနည်း တောင်းခံပေးခဲ့ဖူးသည်။ ယင်းထောက်ပံ့ကြေးငွေမှာ ယခုအခါတွင် ကိုဗစ်ကြောင့်သာရရှိခြင်းဖြစ်ကြောင်း ဒေါက်တာခင်ဥမ္မာလွင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လူကိုကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ဖြစ်ပွားသည့်ကြက်များကို သုတ်သင်ရ မည်ဖြစ်ပြီး ယင်းကဲ့သို့ သတ်ဖြတ်သုတ်သင်လိုက်ရသည့်ကြက်များအတွက် မဖြစ်မနေလျော်ကြေးပေးရမည်ဟု ဥပဒေမရှိကြောင်း ၎င်းက ရှင်းပြသည်။

စီးပွားရေးပြန်လည်ထူထောင်ရေးအစီအမံ ခေါင်းစဉ်အောက်မှ ပြည်ထောင်စု အစိုးရခွင့်ပြုချက်ဖြင့်သာ ထောက်ပံ့ခွင့် ရှိသည်ဟု ဆိုသည်။ တိုင်းအစိုးရတွင် ပိုလျှံရန်ပုံငွေဖြင့် ထောက်ပံ့နိုင်သော်လည်း တနင်္သာရီတိုင်းတွင် ပိုလျှံရန်ပုံငွေ မရှိသဖြင့် အချိန်တိုအတွင်း မထောက်ပံ့ နိုင်ဘဲ ကြန့်ကြာသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

မည်သို့ပင်ဖြစ်စေ သုတ်သင်ခံခဲ့ရသည့် ကြက်ခြံပိုင်ရှင်များအတွက်မူ ကျောက်ခဲရေပေါ်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ကြက်ငှက်တုပ်ကွေးဖြစ်စဉ်က ထားဝယ်တွင် ကြက်၊ ဘဲ အကောင်ရေ အနည်းဆုံး နှစ်သောင်း ခြောက်ထောင်ခန့်အား သုတ်သင်ခဲ့ရသည်။

ကျော်သူစိုး