လူငယ်များ မဲပေးရေးအတွက် သီချင်းဆိုပြိုင်ပွဲ

0
4149

လူငယ်များ မဲလာပေးရေးအတွက် ဦးတည်တဲ့ သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်ကနေ နောက်လ အောက်တိုဘာ ၉ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။

The International Foundation for Electoral Systems(IFES) က ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း မြန်မာနိုင်ငံတစ်ဝန်းက မည်သူမဆို ဝင်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်သံစဉ်သီချင်းဖြစ်ဖို့တော့ လိုပါမယ်။ ဂီတအမျိုးအစားမျိုးစုံ ပါဝင်ယှဉ်ပြိုင် ခွင့်ရှိပါတယ်။

တစ်ခုရှိတာက လာမယ့်ရွေးကောက်ပွဲမှာ လူငယ်တွေ မဲသွားပေးဖို့ အားပေးတာနဲ့ ဒီမိုကရေစီစနစ်မှာ လူငယ်တွေရဲ့ ဆန္ဒမဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာတွေကို သီချင်းစာသားထဲမှာ ပေါ်လွင်အောင် ထည့်သွင်းရေးဖွဲ့ဖို့ လိုတယ်လို့ အစီအစဉ်ကို ဦးဆောင်သူတွေက စည်းကမ်းသတ်မှတ် ထားပါတယ်။ ပြိုင်ပွဲဝင်မယ့်သီချင်း အတွက် မူပိုင်ခွင့်ရှိတဲ့ တေးရေးသူဆီကနေ ခွင့်ပြုချက်လည်း လိုပါမယ်။ သီချင်းကို ဗီဒီယိုရိုက်ကူးပြီး ပေးပို့ကာ ဝင်ပြိုင် ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ First Time Youth Voters for 2020 Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ပြိုင်ပွဲဝင် လျှောက်လွှာပုံစံကိုလည်း အဲဒီ စာမျက်နှာကနေ ရယူနိုင်ပါတယ်။ ဒါအပြင် ဖုန်းနံပါတ် ဝ၉၄၀၆၈၁၀၅၁၅၊ ဝ၉၄၀၆၈ ၁၀၅၁၆ နဲ့ tuneuptovote2020 @gmail.com တို့ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ထားပါတယ်။