ကော့သောင်းသို့ ခိုးဝင်လာသူ ခြောက်ဦးကို လဝကအက်ဥပဒေဖြင့် အရေးယူ

0
369
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလတွင် လေးရက်တာ ကာလအတွင်း ထိုင်းနိုင်ငံမှ ကော့သောင်းသို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ခြောက်ဦးကို လဝကအက်ဥပဒေဖြင့် အရေးယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကိုဗစ်ကာလတွင် ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက် လေးခုကို တရားဝင် ဖွင့်ပေးထားပြီး မြန်မာနိုင်ငံအတွင်းသို့ အဆိုပါဝင်ပေါက်လေးခုမှသာ ပြန်လာရန် အမိန့်ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၆ ရက်နေ့မှ ၁၉ ရက်အထိ လေးရက်တာကာလအတွင်း ခိုးဝင်လာသည့်အတွက် ဖမ်းမိသည့် အရေအတွက်ဖြစ်သည်။

ထို့အပြင် သြဂုတ်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ပုလောမြို့နယ်နေ အမျိုးသားနှစ်ဦးကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ခိုးဝင်လာသူများကို စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်း ထားရှိပြီးနောက် ယခုလတွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch