ထားဝယ်ကိုဗစ်လူနာ ဆေးရုံဆင်းခွင့်ရ

0
868
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ပိုးတွေ့သည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် အမျိုးသားကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

 ကညုံရပ်ကွက်နေ ၄၉ နှစ်အရွယ် အမျိုးသားတွင် ကိုဗစ်ရောဂါပိုးရှိ/ မရှိကို စစ်ဆေးရာ ပိုးမတွေ့တော့သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ဟိုတယ် ကွာရန်တင်းတွင် ခုနစ်ရက်ကြာ နေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ကိုဗစ်လူနာ ဆေးရုံဆင်းခွင့်ရ

အဆိုပါအမျိုးသားနှင့် ထိတွေ့ဆက်နွယ်သူအားလုံးကို ကိုဗစ်ပိုးရှိ/မရှိ နှစ်ကြိမ်စစ်ဆေးမည်ဖြစ်သည်။ ယင်းအမျိုးသားနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ၁၀ ဦးခန့်ရှိကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၇ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ကိုဗစ်လူနာ ၁၁ ဦးဆေးရုံတက်ကုသနေပြီး မြိတ်ဆေးရုံတွင် ကိုးဦးနှင့် ထားဝယ်ဆေးရုံကြီးတွင် နှစ်ဦးဖြစ်သည်။

အဆိုပါလူနာများ၏ ကျန်းမာရေးအခြေအနေမှာ လက်ရှိတွင်ကောင်းမွန်နေကြောင်းအထက်ပါဌာနထံမှ သိရသည်။

Dawei Watch