ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
634
Bay-Din

၂၁- ၉- ၂၀၂၀ မှ ၂၇- ၉-၂၀၂၀ ထိ

တနင်္ဂနွေ
သတင်းကောင်းတစ်ခု ကြားရမည်။ ကုန်ကျထားသော ငွေကြေးများ ဆတိုးပြန်ဝင်လာမည်။ ဘာသာရေးအဓိဋ္ဌာန်များ အောင်မြင်ပေါက်မြောက်မည်။ အစာမှားဆေးမှား ဖြစ်တတ်သည်။ လုပ်ငန်းများ အောင်မြင်မည်။ ရွှေထည်ပစ္စည်းများ နေရာထားမှားတတ်သည်။ လျှပ်စစ်ဝါယာ ကြိုးများသတိထားကိုင်တွယ်ပါ။ မေတ္တာရေးသည်ကား ချစ်သူထံမှသင်မျှော်လင့်နေသော အဖြေရမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ သစ်သီးကိတ်ကိုခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
နာရီ ဝင်မည်။ မိတ်ဆွေဟောင်းများ ကူညီမစမှုခံရမည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ စာမေးပွဲအင်တာဗျူးကိစ္စများ အဆင်ပြေမည်။ တယ်လီဖုန်းပျက်ခြင်းများ ဖြစ်တတ်သည်။ လုပ်ငန်းထဲ၌ အထက်လူကြီးများ အထင်အမြင်လွဲခံရတတ်သည်။ အာရုံကြော၊ မျက်စိ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းလှူပါ။

အင်္ဂါ
လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ လုပ်ငန်းများ အောင်မြင်မည်။ သားသမီးရတနာများ ရတတ် သည်။ ငွေကြေးနှင့်ပတ်သက်၍ ဆုံးရှုံးမှုဖြစ်တတ်သည်။ ယခုလအတွင်း ယာဉ်မဝယ်သင့်ပါ။ ပညာရေးကိစ္စများ အေးစက်စက်ဖြစ်နေမည်။ မေတ္တာရေးသည်ကား အိပ်၍မပျော်သော ညတစ်ညဖြစ်နေမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ဗောဓိညောင်ပင်အား မွေးနေ့၌ သက်စေ့ရေလောင်းလှူပါ။

ဗုဒ္ဓဟူး
စက်ပစ္စည်းတစ်ခု ဝင်မည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးမြှင့်ခြင်း၊ လုပ်ငန်းအဆင်ပြေခြင်း ကြုံရမည်။ ငွေကြေးကတော့ ထွက်ပေါက်များနေတတ်သည်။ ဖြေဆိုထားသော အင်တာဗျူး၊ စာမေးပွဲများ အဆင်ပြေမည်။ စိတ်ပင်ပန်းစရာကိစ္စရပ်များ ကြုံရတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် နီးစပ်ရန်ကြိုးစားရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲပုပ်ရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့အရပ်
ယတြာ ။ ။ မုန့်ဆီကြော် ၅ ခု မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ငွေကြေးများအလုံးအရင်း ဝင်လာမည့်ကာလဖြစ်သည်။ ပြဿနာတစ်ခုကြုံတွေ့နေလျှင် ထိုပြဿနာ ပြေလည်သွားမည်။ သို့သော် အပြောအဆို သတိထားသင့်သောကာလ ဖြစ် သည်။ ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ မိမိဖြစ်ချင်သောဆန္ဒများ အကောင်အထည် ဖော်နိုင်မည့်အခါဖြစ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ပျော်ရွှင်စရာနေ့ရက်များပိုင် ဆိုင်ရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အနီရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ သစ္စာပန်းကိုမွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
အလှူအတန်းများ ပြုရတတ်သည်။ ဝန်ထမ်းဖြစ်က အထက်လူကြီးများ မစခံရမည်။ ခရီးတစ်ခု သွားရတတ်သည်။ ယခုလအတွင်း ငွေကြေးချေးငှားခြင်း ဂရုစိုက်ပါ။ မြေကိစ္စ၊ အမွေကိစ္စနှင့် ပတ်သက်၍ စကားပြောရတတ်သည်။ ကျန်းမာရေးဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ခဏတာ ဝေးနေရပေမဲ့ တစ်သက်တာစိတ်အေးရပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့အရပ်
ယတြာ ။ ။ နှင်းဆီ ၇ ပွင့် မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ
ခရီးတစ်ခု သွားရမည်။ တယ်လီဖုန်း၊ ယာဉ်တစ်ခုခု ဝင်မည်။ ယခုလအတွင်း မီးဖို၊ ပန်ကာ များ မဝယ်ပါနှင့် ။ လာဘ်လာဘများ ဝင်မည်။ ငွေကြေးချေးငှားခြင်း ဂရုစိုက်ပါ။ လုပ်ငန်းထဲ ၌ စိတ်တိုင်းကျ မဖြစ်သေးပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ သင်တန်းတက်ခြင်း၊ ပညာသင်ခြင်း ကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်နေရ တတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ မဲနယ်ရောင်၊ ပန်းနုရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေလှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ