တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော

0
374

တနင်္သာရီမြို့နယ်၏ လူထုလိုအပ်ချက်မှာ မြင့်မားသည်ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

အဆိုပါမြို့နယ်အတွင်း လူထုစစ်တမ်း တစ်စောင်ကို ပြီးခဲ့သည့်အပတ်က ကောက်ယူခဲ့ပြီးနောက် ယင်းစစ်တမ်း ကိုအခြေခံကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်တမ်းအရ လူထု၏ လိုအပ်ချက်များမှာ လျှပ်စစ်မီးက ပထမဖြစ်ပြီး သောက်သုံးရေက ဒုတိယဖြစ်သည်။ ထို့ အပြင် ဆေးရုံဆေးခန်းနှင့် ပညာသင်ကြားရေးအတွက် ကျောင်းဆောင်များ စသည့် အခြေခံလိုအပ်ချက်များ ဖြစ်သည်။

အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော

တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း နှစ်ဆယ့်တစ်အုပ်စုနှင့် ကျေးရွာပေါင်း နှစ်ရာနီးပါးရှိကာ အများစု သည် မိရိုးဖလာ ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။

“ကျေးရွာပေါင်း နှစ်ရာပတ်ဝန်းကျင်မှာ ဆေးရုံလို့ ပြောလို့ရတာ သုံးရွာ ပဲရှိတာကို တွေ့ရတယ်” ဟု ၎င်းက ပြော သည်။

ဒေါက်တာညိုညိုသင်းသည် တနင်္သာရီမြို့နယ် မဲဆန္ဒနယ်မြေဖြစ်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ မှ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းအပြင် အခြေခံလူတန်းစား အများစုသည် မူလတန်းအဆင့် ပညာရေးသာတတ်မြောက်ကြပြီး အလယ်တန်း အောင်သူ ရှားသည်ဟု စစ်တမ်းအရ တွေ့ရကြောင်း သူမက ဆိုသည်။

တနင်္သာရီမြို့နယ်သည် သဘာဝသယံဇာတ ပေါများသည်ဖြစ်ရာ ယင်းသို့သော လိုအပ်ချက်များ ရှိနေခြင်းမှာ မဖြစ် သင့်ကြောင်း ၎င်းကဝေဖန်သည်။

“ဒီလောက်တောင်မှဖွံ့ဖြိုး တိုးတက်မှု မနိမ့်ကျသင့်ဘူး” ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

လူထုစစ်တမ်းကို တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းနှစ်ဆယ်နီးပါးတွင် နေထိုင်သည့် လူပေါင်း ရှစ်ရာ ကျော်အား ကောက်ယူထားခြင်းဖြစ်သည်။

ယင်းစစ်တမ်း ကောက်ယူရရှိခြင်းနှင့် ပတ်သက်ပြီး အချို့အချက်များမှာ မငြင်းသာသော်လည်း အချက်အလက် အားလုံးကိုမူ ရာနူန်းပြည့် မှန်ကန်အောင် လွမ်းခြုံနိုင်ခြင်းမရှိဟု တနင်္သာရီဒေသခံ အချို့က ပြန်လည်တုံ့ပြန်သည်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

“မဲဆွယ်ဖို့အတွက် ပြောဖို့ စကားလုံးလောက်ပဲရမယ်။ ရာခိုင်နှုန်းပြည့်ကတော့ မမှန်နိုင်ဘူး” ဟု နိုင်ငံရေးလေ့လာ သူ တနင်္သာရီဒေသခံ ဦးသန်းထွန်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ဒေါက်တာ ညိုညိုသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နယ်မြေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လက်ရှိလွတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ဝင်ရောက် ယှဉ်ပြိုင်မည့် နေရာလည်းဖြစ်သည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ရန်ကုန်တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

ယင်းအပြင် ၂၀၁၃ ခုနှစ်မှစတင်ကာ တစ်သီးပုဂ္ဂလဖြင့် နိုင်ငံရေးတက်ကြွလူပ်ရှားသူ အဖြစ်ရပ်တည်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။

ကိုဆန်း