၀ဥဈေး ကျပ်သုံးရာခန့် ကျ

0
519

ထားဝယ်ခရိုင်တွင် ဒေသထွက် ဝဥ(အစို)ဈေးမှာ ပြီးခဲ့သည့်နှစ်ကထက် သုံးရာကျပ်ခန့် ဈေးကျနေကြောင်း ဝဥ အဝယ်ဒိုင်များနှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသူ အချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ဒုတိယ အပတ်ခန့်တွင် ဝဥအစိုဈေး ကျပ် ၁၅၀ဝ မှ ၁၆၀ဝ ဝန်းကျင်ခန့်ရှိသော်လည်း ယခုနှစ်ကာလတွင် ဝဥတစ်ပိဿာ ကျပ် ၁၂၀ဝ မှ ၁၃၀ဝ ဝန်းကျင်ခန့်သာ ရှိသည်ဟု ထားဝယ်မြို့၊ တောင်ပို့ကျေးရွာမှ ပွဲရုံပိုင်ရှင် ကိုသန့်ဇင်ဌေးက ပြောသည်။

“(ကိုဗစ်)ရောဂါကြောင့်လည်း ပိုပြီး ဖြစ်မယ်ထင်တယ်။ လက်ရှိတော့ မနှစ် တုန်းကနဲ့စာရင် နည်းတာပေါ့” ဟု ၎င်း က ဆိုသည်။

မြေယာပြဿနာအရေး ဌာနဆိုင်ရာတွေ မရိုးမသားလုပ်နေသလား

ပြီးခဲ့သည့် နှစ်က ဝဥ အခြောက်လုပ်သူများ အရှုံးပေါ်သဖြင့် ယခုနှစ်တွင် ဝဥအခြောက်လုပ်သူ နည်းသွားပြီး ဝဥ အစိုကိုသာ တင်ပို့ရောင်းချသူများလာသည်ဟု ကိုသန့်ဇင်ဌေးက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ဝဥ (အစို)တစ်ပိဿာ ကျပ် ၁၁၀ဝ မှ ၁၂၀ဝ၀ ဝန်းကျင်ခန့်သာ ပေးဝယ်နေသည်ဟု ကြားသိရသဖြင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေသည်ဟု ထားဝယ်ခရိုင် ဝဥ၊ သီဟိုဠ်၊ ကွမ်းသီး စိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးဇော်သူရ က ပြောသည်။

“တကယ်အရောင်းအဝယ်ဖြစ် မဖြစ်တော့ ဆရာတို့လဲ မသိဘူး။ ဆရာတို့ ကိုယ်တိုင်ကို အရောင်းအဝယ်မလုပ် ရဲသေးဘူး” ၎င်းက ဆိုသည်။

ဝဥကို လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးများလာပြီး ရေး၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များမှတဆင့် တရုတ်၊ ဂျပန် စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

မိုးမြင့်